Friday, December 19, 2008

ဆ---ဆံတော်မရှည် မှ ဆွေမျိုး ၄ ပါး။

ဆံတော်မရှည်၊ ဒွင်္ဂုလီ၊ မြတ်သည်ပုဂ္ဂိုလ် ၂။ ။ ဆံပင်တော်များရှည်လျားခြင်းမရှိဘဲ ဒွင်္ဂုလခေါ် လက်နှစ်သစ် နှစ်လက်မခန့်မျှ လက်ျာရစ်လည်၍ အမြဲတည်နေသောပုဂ္ဂိုလ်မြတ် ၂ ပါးကား။
၁ မြတ်စွာဘုရားသခင်၊
၂ ပစ္စေကဗုဒ္ဓါအရှင်
ဟု ဗုဒ္ဓ၀င်အဋ္ဌကထာနှင့် အပဒါန်အဋ္ဌကထာတို့၌ လာရှိ၏။

ဆံထုံးအပြား၊ ၅၅၊ ဆင်ငြားပုဂံသူ။ ။ ၎င်းင်းသရုပ်ကို (ဥသျှောင်ထုံးငြား၊ ၅၅)၌ ဆိုခဲ့ပြီ။


ဆံပင်ထားရခြင်း၏အပြစ် ၁၆ ပါး။ ။ ၎င်းင်းအကျယ် စိတ်ဝင်စားဖွယ်ရာဆံပင်ထားမှုအတွက် ပလိဗောဓ ၁၆-ပါးကို ဟံသာဝတီရိုက် မိလိန္ဒပဥှာဝတ္ထုတော်ကြီး စာမျက်နှာ ၂၁-၌ရှုပါလေ။

ဆံပင်ထုံးရိုး၊ ၇ မျိုး၊ မင်းစိုးပျိုကညာ။ ။ ၎င်းင်းသရုပ်ကို (ဥသျှောင် ၇ မျိုး၊ ဖွဲ့ထုံးရိုး)၌ ဆိုခဲ့ပြီ။

ဆ, အသာဓာရဏ ဥာဏ်တော် ၆ ပါး။ ။ ၎င်းင်း၏ သရုပ်အဓိပ္ပာယ်ကို (အသာဓါရဏ ဥာဏ်တော် ၆ ပါး)ဟူသော သုတေသန၌ ဆိုခဲ့ပြီ။

ဆက်စပ်လို့မရနိုင်အောင် ကွာဝေးသောအရာကြီး ၄ ပါး။ ။ စတုကဂုၤတၱရ။ ပါ။ ၃၅၉။ ႒။ ၃၀၆။ ဝေးသည်ထက် ဝေးသောအရာကြီးလေးပါး။
၁ နဘာစပထ၀ီ - မိုးနှင့်မြေကြီး၊
၂ သမုဒ္ဒဿ သြရိမပါရိမံ- သမုဒ္ဒရာ၏ ဟိုမှာဖက်ကမ်းနှင့် ဤမှာဖက်ကမ်း၊
၃ သူရိယ အဗ္ဘုဒိတ စ၀နဌာနီ- နေထွက်ရာအရပ်နှင့် နေ၀င်သွားရာအရပ်၊
၎ သတဓမ္မ အသတဓမ္မ -သူတော်ကောင်းတရားနှင့် သူယုတ်မာတို့တရား။

ဆင်မျိုး ၄ ပါး၊ စွယ်ခြားနား၊ ခေါ်ငြားအမည်ထူး။ ။ အစွယ်ပေါက်ပုံလိုက်၍ အမည် ၄-ပါးဖြင့်ခေါ်ကြသည်။
၁ ဟိုင်းမျိုး- အစွယ်လုံးဝမရှိသောဆင်မျိုး၊
၂ ဟံမျိုး- သေးသွယ်သောအစွယ် တိုသောအစွယ်ရှိသည့်ဆင်မျိုး၊
၃ တည်မျိုး- အစွယ်တစ်ချောင်းသာရှိသော ဆင်မျိုး၊
၎ တံမျိုး -အစွယ်နှစ်ချောင်းစုံရှိသည့် ဆင်မျိုး။

ဆင်မျိုး ၁၀-ပါး၊ ဗလ, အား၊ ခြားနားထူးထွေပုံ။ ။ သုတ်မဟာဝါ အဋ္ဌကထာ ၁၆၄-၌ အကျယ်ရှုပါ။ အစဉ်အတိုင်း တစ်မျိုးထက်တစ်မျိုးက ဆယ်ဆအားဗလရှိကြောင်းကို သိရာ၏။
၁ ကာဠာဝကဆင်- လူဆယ်ယောက်အားရှိ၍ ညင်းညင်းအော်မြည်တတ်သော ဆင်မည်းတစ်မျိုး၊
၂ ဂင်္ဂေယျဆင်- ဂင်္ဂါမြစ်ပတ်ဝန်းကျင်တစ်ဝိုက်၌ ရှိကြသည်။ ၎င်းင်းတစ်ကောင်၌ ကာဠာဝကဆင် ၁၀-ကောင်အားရှိ၏။
၃ ပဏ္ဍရဆင်- ၀ါဖျော့ဖျော့အရောင်ရှိ၍ ဂင်္ဂေယျဆင် ဆယ်ဆအားရှိ၏။
၎ တမ္ဗဆင်- ကြေးနီရောင်အဆင်းရှိ၍ ပဏ္ဍရဆင် ဆယ်ဆအားရှိ၏။
၅ ပိင်္ဂလဆင်-ကြောင်သောအဆင်းရှိ၍ တမ္ဗဆင် ဆယ်ဆအားရှိ၏။
၆ ဂန္ဓဆင်- အနံ့မွှေးသော ဆင်နံ့သာ၊ ပိင်္ဂလဆင် ဆယ်ဆအားရှိ၏။
၇ မင်္ဂလဆင်- တင့်တယ်စွာသွားတတ်၍ မင်္ဂလာရှိသောဆင်၊ ဂန္ဓဆင် ဆယ်ဆအားရှိ၏။
၈ ဟေမဆင်- ရွှေရောင်အဆင်းရှိ၍ မင်္ဂလဆင် ဆယ်ဆအားရှိ၏။
၉ ဥပေါသထဆင်- ၎င်းင်းအမျိုး၌ဖြစ်သည့် ကောင်းကင်ပျံဆင်ဖြူ၊ ဟေမဆင် ဆယ်ဆအားရှိ၏။
၁၀ ဆဒ္ဒန်ဆင်- အစွယ်မှ ရောင်ခြည်ခြောက်မျိုးထွက်သော ဆင်ဖြူ ဥပေါသထဆင် ဆယ်ဆအားရှိ၏။
ဘုရားသခင်၏အားတော်ကား ဆဒ္ဒန်ဆင် ဆယ်စီးအားရှိ၏။

ဆင့်အတွက် လက်နက်မျိုး ၈ ပါး။ ။ ဆင်စီးသူရဲများအတွက် ဆင့်ကိုယ်ပိုင်လက်နက်ကြီး ၈-ပါးဟု ဟိတောပဒေသ၌ လာ၏။
(က) အစွယ် ၂-ချောင်း၊
(ခ) အခြေ ၄-ချောင်း၊
(ဂ) နှာမောင်း၊
(ဃ) ဥက္ခောင်း။

ဆင်းရဲမူလ၊ ရင်းနှစ်ဝ၊ ရှောင်ကြဝေးဝေးကွာ။ ။ ၎င်းင်းသရုပ်ကို (မူလ ၂-ပါး)၌ ရှုပါကုန်။

ဆည်းကပ်ကိုးကွယ်ထိုက်သူ၏ ဂုဏ်အင်္ဂါ ၇-ပါး။ ။ အဟုတ်တကယ် ကိုးကွယ်ဆည်းကပ်ပေါင်းသင်းခံထိုက်သူ၏ လက္ခဏာ ၇-ပါး။
၁ သီလဂုဏ်- ကိုယ်ကျင့်တရား ကောင်းမွန်စွာရှိမှုဂုဏ်၊
၂ သမာဓိဂုဏ်- စိတ်ဓါတ် မြင့်မြတ်မှုဂုဏ်၊
၃ ပညာဂုဏ်- လောကုတ် လောကီပညာဆီç၀မှုဂုဏ်၊
၎ ဒါနဂုဏ်- ပေးကမ်းစွန့်ကြဲမှုဂုဏ်၊
၅ ပေယျဝစ္စဂုဏ်- ချစ်ဖွယ်စကားဖြင့် ယဉ်ကျေးအောင်ဆုံးမနိုင်မှုဂုဏ်၊
၆ အတ္ထစရိယဂုဏ်- သူ့အကျိုးကို သည်ပိုးနိုင်မှုဂုဏ်၊
၇ သမာနတ္ထဂုဏ်- မိမိနှင့်တူသော ကောင်းကျိုးသုခကို ပေးစွမ်းနိုင်မှုဂုဏ်။

ဆည်းဆာအပြား၊ မျိုး ၃ ပါး၊ ၄ ပါးတစ်နည်းလာ။ ။ နေမင်း၏အလယ်ဗဟိုချိန် ၃-ပါးဟူလို။
၁ နံနက် နေတခြမ်းထွက်ချိန်၊
၂ နေ့လည်မွန်းတည့်ချိန်၊
၃ ညနေ နေတခြမ်းဝင်ချိန်၊
ထို့ကြောင့် လောကသာရပျို့၌ "ဥဒည်း မဇ္ဈင်၊ နေ၀င်အခါ၊ ဆည်းဆာသုံးပါး၊ ပိုင်းခြားဂါထာ၊ ရွတ်မြဲရာသား၊ ကာယာသိဒ္ဓိ၊ တရိသစ္စာ၊ တတ်လေ့လာ၍"ဟု ဆိုထားသည်။

ဆည်းဆာ ၄ ပါး၊ တစ်နည်း။ ။ သူရိယ ကာလ၏ မဇ္ဈေချိန် ၄-ပါးဟူ၏။
၁ နေ့၏အဆုံးနှင့် ညဥ့်၏အစ ညနေချမ်းချိန်၊ နေ၀န်းကြီးတခြမ်းဝင်ချိန်ဟူလို။
၂ ညဥ့်၏အဆုံးနှင့် နေ့၏အစ နံနက်အချိန်၊ နေ၀န်းကြီး တခြမ်းထွက်ချိန်ဟူလို၊
၃ နေမွန်းတည့်ချိန်၊
၎ ညဥ့်သန်းခေါင်ချိန်။
မှတ်ချက်။ ။ မန္တလေးနေပြည်တော်သုံး မြန်မာပဟိုရ်စည်စံတော်ချိန်၌ နံနက်လေးချက်တီး, နေ့ ၂-ချက်တီး, ညဥ့်လေးချက်တီး, ညဥ့် ၂-ချက်တီးတို့သည် ဆည်းဆာချိန်မည်၏။

ဆည်းလည်း ၃-လုံး။ ။ ဆည်းလည်းကို အချို့စာစောင်တို့၌ "ဆည်လည်"ဟု ရေးထုံးပြုကြသည်။
ရှေးထုံးဝေါဟာရ အားဖြင့် ပြောလာကြသည်မှာကား ချမ်းသာဆင်းရဲဖြစ်မည့် ရှေ့ပြေးနိမိတ်သုံးပါးဟူ၏။
၁ ကလေးသူငယ်တို့သည် "အိမ်၏ဆည်းလည်း"မည်၏။ ၎င်းင်းတို့ အမေလေး အဘလေးစသည့် အနိဋ္ဌ အမင်္ဂလာအသံမျိုးကို မကြာခဏ မြွက်ဆိုအော်ဟစ်မူ ဆင်းရဲပျက်စီးဘေးရောက်တတ်၏။ မင်္ဂလာရှိသော ဣဋ္ဌသံကိုမြည်ဆိုမူ ထိုအိမ်၌ ချမ်းသာကြွယ်ဝတတ်၏။
၂ ဇာတ် ရုပ်သေးစသော သဘင်ပညာသည်တို့သည် "မြို့ရွာ၏ဆည်းလည်း"မည်၏။ မြို့ရွာ၏ဆည်းလည်းသည် အသေအပျောက် ခိုက်ရန်သတ်ပုတ်ဇာတ်တို့ကို များစွာပြုမူ၊ အပူတိုက်ကို အဆိုအမြည်များမူ မြို့ရွာဘေးသင့်တတ်၏။ မင်္ဂလာရှိသော ဇာတ်ကွက်ဇာတ်လမ်းနှင့် ကျက်သရေမင်္ဂလာရှိသော တေးသီချင်းတို့ကို မကြာခဏပြသသီဆိုမူ သာယာဝပြောတတ်၏။
၃ ရူးသွပ်သောသူတို့သည် "တိုင်းနိုင်ငံ၏ ဆည်းလည်း"မည်၏။ ထိုတိုင်းနိုင်ငံ၏ဆည်းလည်းသည် မကောင်းသံမြည်မူ တိုင်းပြည်မကောင်းဖြစ်တတ်၏။ကောင်းသံမြည်မူ ကောင်းတတ်၏၊ မြို့ရွာသာယာတတ်သည်ဟူ၏။

ဆန်းဂိုဏ်းရွေးနည်း ၈ ပါး။ ။ နာမည်ပေးရာ၌ ကောင်းကျိုးဆိုးကျိုးတို့ကို တွက်ချက်သောဗေဒင်နည်း၊ ၎င်းင်းကို အောက်ပါလင်္ကာအတိုင်း ဒီဃ ရဿ ခွဲ၍သိလေ၊ ဣဋ္ဌဂိုဏ်းကား ကောင်း၏။ အနိဋ္ဌဂိုဏ်းကား မကောင်း။
(၁) ဘ ဂိုဏ်း- ဘူ, လ, မိ၊ လနတ်သားစောင့် မိဂသီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၂) န ဂိုဏ်း- နု, သိ, ဘ- သိကြားစောင့် ဘရဏီနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၃) ယ ဂိုဏ်း- ယ, တိမ်, သတ်၊ တိမ်နတ်သားစောင့် သတ္တဘိသျှ နက္ခတ် ဣဋ္ဌဂိုဏ်း၊
(၄) မ ဂိုဏ်း- မတ်, ဘုံ, ဇေ- ဘုမ္မဇိုဝ်းနတ်စောင့် ဇေဋ္ဌနက္ခတ် ဣဋ္ဌဂိုဏ်း၊
(၅) ဇ ဂိုဏ်း- ဇ, နေ, ပု၊ နေနတ်သားစောင့် ပုဏ္ဏဖုသျှုနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၆) သ ဂိုဏ်း- သု လိ သွာ၊ လေနတ်သားစောင့် သွာတိနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၇) ရ ဂိုဏ်း- ရာ, မိ, ကြတ်၊ မီးနတ်သားစောင့် ကြတ္တိကာနက္ခတ် အနိဋ္ဌဂိုဏ်း၊
(၈) တ ဂိုဏ်း- တတ်, အာ, သ၊ အာကာသဇိုဝ်း နတ်စောင့် သရ၀ဏ်နက္ခတ် အနိဋ္ဌဂိုဏ်း။

ဆန္ဒမျိုး ၃ ပါး။ ။ ကောင်းသောဆန္ဒ၊ သို့မဟုတ် ၀ိတက်ကောင်းမျိုး ၃-ပါးဟူလို၊ ပေဋကောပဒေသ။ ပါ။ ၂၇၀။ ၎င်းင်းသရုပ် (သမ္မာသင်္ကပ္ပမျိုး ၃-ပါး)၌ ရှုပါ။

ဆပ်မျိုး ၄-ပါး။ ။ ဆပ်ခေါ် ကောက်မျိုး ၄-ပါး။ ဆေးကျမ်းများမှယူဖြေသည်။
၁ ကာလကင်္ဂု- ဆပ်နက်မျိုး၊
၂ ရတ္တင်္ဂု- ဆပ်နီမျိုး၊
၃ သုကင်္ဂု- ဆပ်ဖြူမျိုး၊
၎ ပီတကင်္ဂု ဆပ်ဝါမျိုး။

ဆဗ္ဗ၀ဂ္ဂီ ရဟန်းကြီး ၆ ပါး။ ။ မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၁၃၀-၌ အကျယ်ရှုပါ။ ။ မြတ်စွာဘုရားလက်ထက်တော်က ၎င်းင်းတို့ကိုအကြောင်းပြု၍ သိက္ခာပုဒ်ပေါင်းများစွာ ပညတ်ရသော ၆-ပါးဂိုဏ်းရဟန်းစု။
(၁) အဿဇိ၊
(၂) ပုနဗသုက၊
(၃) မေတ္တိယ၊
(၄) ဘုမ္မဇက၊
(၅) ပဏ္ဍုက၊
(၆) လောဟိတက။

ဆယ်ပါးသောဒဏ်၊ ဖြေဆိုရန်၊ အဟံ ပုစ္ဆာမိ။ ။ ၎င်းင်းသရုပ်ကို (ဒဏ် ၁၀-ပါး)ဟူသော ပုစ္ဆာ၌ ဆိုအံ့။

ဆယ်လီရွေး ဆယ်ပါး။ ။ မြန်မာသင်္ချာတွက်ကိန်း ဝေါဟာရတစ်မျိုး။ ဆယ်မူးတစ်ကျပ်နှင့် တွက်ကိန်းတစ်မျိုးကိုပင် "ဆယ်လီရွေး"ဟု ခေါ်ဆိုကြလေသည်။ ၎င်းင်းလင်္ကာကား၊
"မြန်မာသင်္ချာ၊ တွက်နည်းနာဝယ်၊ ဆယ်သာကျပ်ပြည့်၊ အကြွင်းရှိကာ၊ တွက်ဖို့ရာကို၊ စဉ်လာရှေးထုံး၊
စီ၍ကုံးအံ့၊ တွက်ကျုံးကြွင်းလာ၊ မြှောက်စရာကား၊
မူးမှာတစ်ဆယ်၊ ပဲဝယ်နှစ်ပါး၊ ရွေးကား ၆-မှန်၊ ဆန် , နှမ်း, စတု၊ သုံးခု မုန်ညင်း၊ မြူမင်းဦကာ၊ လိက္ခာသတ္တု၊
အဏုပရမာ၊ ဆတ္တိံသာဟု၊ သေချာစဉ်သင့်၊ ဆယ့်နှစ်ဆင့်သည်၊ ကြွင်းဖြင့်မြှောက်ရန် သွယ်သွယ်တည်း။"
ထင်ရှားစေအံ့။
(၁) ပရမာဏုမြူ ၃၆-လုံး၊ အဏုမြူ ၁ လုံး၊
(၂) အဏုမြူ ၃၆-လုံး၊ (ကညစ်ချေး) လိက္ခာမြူ ၁-လုံး၊
(၃) လိက္ခာမြူ ၇-လုံး၊ (သန်းဥက္ခောင်း) ဦကာ တလုံး၊
(၄) ဦကာ ၇-လုံး၊ မုန်ညင်းစေ့တစ်လုံး၊
(၅) မုန်ညင်းစေ့ ၃-လုံး၊ နှမ်းတစ်လုံး၊
(၆) နှမ်းစေ့ ၄-လုံး၊ ဆန်တစ်လုံး၊
(၇) ဆန်စေ့ ၄-လုံး၊ ချင်ရွေးငယ်တစ်လုံး၊
(၈) ချင်ရွေး ၆-လုံး၊ တစ်ပဲငယ်၊
(၉) နှစ်ပဲငယ်၊ တစ်မူးငယ်၊
(၁၀) ဆယ်မူးငယ်၊ တစ်ကျပ်။
မှတ်ချက်။ ။ ကျပ်တစ်ရာကို တစ်ပိဿာခေါ်၏။

ဆရာမျိုး ၃ ပါး။ ။ အတတ်ပညာပေးသူ ၃-ပါးဟူ၏။
၁ သင်ဆရာ၊ ကိုယ်ထိလက်ရောက် ကျကျနနသင်ပေးသော ဆရာမျိုး- မုတာစရိယ၊
၂ မြင်ဆရာ၊ သူလုပ်ကိုင်နေသည်ကို တွေ့ကာမြင်ကာဖြင့် တတ်မြောက်ခြင်းရှိသူ၏ ဆရာ- ဒိဋ္ဌာစရိယ၊
၃ ကြားဆရာ၊ သူပြောဆိုရွတ်ဖတ်နေသည်ကို ကြားရသဖြင့် တတ်မြောက်သူ၏ဆရာ- သုတာစရိယ။

ဆရာမျိုး ၅ ပါး၊ တစ်နည်း။ ။ ၎င်းင်းသရုပ် (အာစရိယမျိုး ၅-ပါး)၌ ပြပြီးပြီ။

ဆရာ့ဂုဏ်အင်္ဂါ ၂၅ ပါး။ ။ ဆရာမြတ်တို့ လိုက်နာပြုကျင့်အပ်သည့် ဂုဏ်ကျေးဇူး ၂၅-ပါးဟူ၏၊ မိလိန္ဒပဥှာ။
၁ တပည့်၌အမြဲတစေစောင့်ရှောက်ရ၏၊
၂ မှီဝဲအပ် မအပ်သည်ကို သိရ၏၊
၃ မေ့လျော့သည် မမေ့လျော့သည်ကို သိရ၏၊
၎ အိပ်ရာနေရာ၏ကျန်းမာရေးကိုသိအပ်၏၊
၅ ရောဂါရှိ မရှိကိုသိအပ်၏၊
၆ ထမင်း ဘောဇဉ် ရအပ်မရအပ်ကို သိရာ၏၊
၇ အထူး ရှိမရှိကိုသိအပ်၏၊
၈ စားသောက်ဖွယ်တို့ကို ကောင်းစွာစစ်ဆေး ဝေဖန်အပ်၏၊
၉ ပညာတိုးမှုအတွက် အားပေးစကားပြောကြားအပ်၏၊
၁၀ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၁ ဆွမ်းခံရာ၌ အလုပ်အကျွေးကောင်းသူကို သိအပ်၏၊
၁၂ ကျောင်း၌ အလုပ်အကျွေးကို သိအပ်၏၊
၁၃ ဆရာသည်တပည့်တို့နှင့် ပြက်ရယ်မှုမပြုအပ်၊
၁၄ တပည့်တို့နှင့် သူငယ်ချင်းပမာ အရောတ၀င်မပြုရာ၊
၁၅ တပည့်အပြစ်ကိုမြင်သော်လည်းသည်းခံအပ်၏၊
၁၆ တပည့်ကို အရိုအသေမပေးမပြုအပ်၊
၁၇ အတတ်ကိုလျှို့ဝှက်စွာပြုသင့်က ပြုအပ်၏၊
၁၈ အတတ်ကိုအကြွင်းမထားပြုသင့်ကပြုရာ၏၊
၁၉ တပည့်များအားတတ်သိစေချင်သောစိတ် ထားရာ၏၊
၂၀ တပည့်များအား အတတ်ပညာ မမေ့နိုင်ရာသောနည်းလမ်းများဖြင့် သင်ကြားရာ၏၊
၂၁ မိမိသင်လက်စပညာဖြင့် ရှေ့ကိုသာတိုး၍သင်ကြားလိုစိတ် ရှိလာအောင် ကြီးပွားလိုစိတ်ထားအပ်၏၊
၂၂ မေတ္တာစိတ်ကိုဖြစ်စေအပ်၏၊
၂၃ ဘေးရန်ရှိသောကာလ၌ မစွန့်ရာ၊
၂၄ အမှုကိစ္စပြုလုပ်ဖွယ်၌ မမေ့မလျော့ရာ၊
၂၅ တပည့်မေ့လျော့မှားယွင်းသော် တရားနှင့်လျော်ညီစွာ ချီးမြှောက်အပ်၏။

ဆရာ့ကျင့်ဝတ် ၅ ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၅၄။ ဋ္ဌ။ ၁၃၇။ အတတ်လည်းသင် ပဲ့ပြင်ဆုံးမ, သိပ္ပမချန်, ဘေးရန်ဆီးကာ, သင့်ရာအပ်ပို့ , ဆရာတို့, ကျင့်ဘို့ဝတ်ငါးဖြာ။ ဆရာလုပ်သူတို့ တပည့်များအပေါ်၌ လိုက်နာပြုကျင့်ရမည့် ၀တ် ၅-ပါး။
၁ အတတ်ပညာသင်ကြားပေးရခြင်း၊
၂ လိမ်မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးရခြင်း၊
၃ သင်ပေးရမည့်အတတ်ပညာကို ခြွင်းချန်မထားရခြင်း၊
၎ ဘေးရန်အပေါင်းကို တားဆီးကာကွယ်ပေးရခြင်း၊
၅ မိမိထံ၌ အတတ်ပညာစုံညီပါက သင့်ရာပညာကိုသင်ကြားစေရန် အခြားဆရာ့ထံအပ်၍ ရွှေ့ပြောင်း ပေးရခြင်း။

ဆားမျိုး ၅ ပါး၊ ၃-နည်း။ ။ ဆေးကျမ်းလာ ဆားမျိုးဝင်အပေါင်းဝေါဟာရ။ ၃-နည်းပြား၏၊
၁ ဇ၀က်သာ၊
၂ သိန္ဓော၊
၃ ဆားပုတ်၊
၎ သမုဒ္ဒရာဆား၊
၅ ရုက္ခမူဆား၊
တစ်နည်း။
၁ ဆား၊
၂ သိန္ဓော၊
၃ သဲဆပ်ပြာ၊
၎ ယမ်း၊
၅ ကျပ်ခိုး။
တစ်နည်း။
၁ သမုဒ္ဒရာဆား၊
၂ သိန္ဓော၊
၃ ဆားပုတ်၊
၎ ကျပ်ခိုး၊
၅ မြေပေါက်ဆား။

ဆိတ်ငြိမ်ခြင်း ၃ ပါး။ ။ ကိလေသာတို့မှ ဆိတ်ငြိမ်ခြင်းကိုဆိုသည်။ ၎င်းင်းသရုပ် (၀ိဝေကတရား ၃-ပါး)၌ ရှုပါ။

ဆီမီးလှူကျိုး ၅ ပါး။ ။ ဤကား အကျိုးများစွာတို့အနက် ထူးကဲသောအကျိုးငါးပါးသာဟု မှတ်ရာ၏။
၁ တန်ခိုး တေဇော်အာနုဘော်ကြီးခြင်း၊
၂ ရဲရင့်လျင်မြန်ခြင်း၊
၃ ထွန်းလင်းတောက်ပအဆင်းလှခြင်း၊
၎ ဥာဏ်ပညာထက်မြက် ကြီးကျယ်ခြင်း၊
၅ ကိတ္တိ ၂-ပါးကျော်စောထင်ရှားခြင်း။

ဆုကြီး ၅ ပါး၊ ပန်လိုငြား၊ မျိုးပြားမည်သို့နည်း။ ။ နိဗ္ဗာန်ကိုလိုလားတောင့်တကြသော အမျိုးကောင်းသားသမီးတို့သည် အောက်ပါဆုကြီး ၅-ပါးကို ပန်ကြားကျင့်ဆောင်ရာ၏။
( ၁ ) ဘုရားဆု- ၄၊ ၈၊ ၁၆-သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊
(၂) ပစ္စေကဗုဒ္ဓါဆု- ၂, သင်္ချေနှင့်ကမ္ဘာတစ်သိန်း၊
(၃) အဂ္ဂသာဝကဆု- ၁, သင်္ချေနှင့်ကမ္ဘာတစ်သိန်း၊
(၄) မဟာသာဝကဆု- ကမ္ဘာတစ်သိန်း၊
(၅) ပကတိသာဝကဆု- အပိုင်းအခြားမရှိ။

ဆုတောင်းပြည့်ရာ၊ အင် ၆-ဖြာ၊ လားရာဂတိမြဲ။ ။ ဆုတောင်းပြည့်ခြင်း၏ ဂုဏ်အင်္ဂါခြောက်ပါးကို ဆိုသည်။ ၎င်းင်းသရုပ် (ဂတိမြဲရန်၊ ပုထုဇန်၊ ၆-တန်ဂုဏ်အင်္ဂါ)ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ဆုမ္မခြင်းရာ၊ အင် ၅-ဖြာ၊ ကျမ်းလာမည်သို့နည်း။ ။ တပည့်များအား ဆိုဆုမ္မရာ၌ ဆရာလုပ်သူက အောက်ပါ ဂုဏ်အင်္ဂါ ၅-ပါးနှင့် စုံညီစွာရှိစေရန် 'သောဝစဿတာ' မင်္ဂလာအဖွင့်၌ဆို၏။
၁ ပဋိရူပ အင်္ဂါ- သင့်လျော်သော ကာလ ဒေသ ဌာန သမယမျိုး၊
၂ သစ္စ အင်္ဂါ- ဟုတ်မှန်သောစကားဖြင့်သာ၊
၃ သုခုမ အင်္ဂါ- သိမ်မွေ့ နူးညံ့သောစကားဖြင့်သာ၊
၎ ဟိတ အင်္ဂါ- အကျိုးရှိ ခြေငံသောစကားဖြင့်သာ၊
၅ မေတ္တာ ပုဗ္ဗင်္ဂမ- မေတ္တာရှေ့ထားဖြင့်သာ၊ (ဆုံးမ)ဟုလည်း ရေးထုံးရှိ၏။

ဆေးကုအကျော်၊ သမားတော်၊ ၅-ဘော် အင်္ဂါသိ။ ။ ၎င်းင်းသရုပ်ကို (သမားတော်အင်္ဂါ ၅-ပါး)ဟူသော ပုစ္ဆာ၌ ကြည့်ပါကုန်။

ဆေးဒါန်းမျိုး ၄-ပါး။ ။ သဗ္ဗဓာတုက ၀ိဇ္ဇာဓရကျမ်းမှ။
၁ သေလ ဟရိတာလ- ကျောက်ဆေးဒါန်း၊ နနွင်းသား ကဲ့သို့ရှိ၏။
၂ တာလသာဒရ- ဆေးဒါန်းမြင်းသီလာ၊ ချိတ်သားကဲ့သို့ရှိ၏။
၃ တာလ သုဝဏ္ဏ- ဆေးဒါန်းရွှေဝါ၊ ပရပိုက်ခေါက်ရွှေကဲ့သို့ရှိ၏။
၎ သုက္က ဟရိတာလ- ဆေးဒါန်းဖြူ မြေဖြူကဲ့သို့ရှိ၏။

ဆဲကြီး ၄ ပါး။ ။ ဗေဒင်ကျမ်းအလို မည်သည့်နေ့ရက်တွင်မဆို မင်္ဂလာအခါမပေးအပ်သော ဆဲအခါကြီးလေးပါးဟူ၏။
၁ နေထွက်ဆဲအခါ၊
၂ မွန်းတည့်ဆဲအခါ၊
၃ နေ၀င်ဆဲအခါ၊
၎ သန်းခေါင်တည့်ဆဲအခါ၊ အချို့ကျမ်းတို့၌ "ဆည်းဆာ လေးပါး"ဟုလည်း ခေါ်ဝေါ်ကြသေး၏။

ဆဲရေးခြင်းမျိုး ၁၀ ပါး။ ။ ၎င်းင်း ဆဲရေးခြင်းဝတ္ထုဆယ်ပါးသည် ၀စီဒုစရိုက်တရားချည်းဖြစ်ရကား၊ ရဟန်းတော်အတွက် ပညတ်ချက်ထုတ်ထား၏၊ လူများအဖို့လည်း ရိုင်းပြသောအရာဖြစ်၍ မဆဲရေးကောင်းချေ၊ ၀ိနည်းပါဠိတော်။
၁ ဇာတိ- သာကီယမျိုး၊ စဏ္ဍာလမျိုးစသည်ဖြင့် ဇာတ်ကိုထိပါး၍ဆဲရေးခြင်း၊
၂ နာမ- ဦးမျိုးယုတ်, ကိုဥာဏ်ကြီး စသော အမည်နာမ တို့ဖြင့် ထိပါးဆဲရေးခြင်း၊
၃ ဂေါတ္တ- နေမျိုးနွယ်, ပုဂံပြည် သဗ္ဗညုဆက်, ရွှေစည်းခုံနွယ် စသည်ဖြင့် အနွယ်ကိုခိုက်၍ဆဲရေးခြင်း၊
၎ ကမ္မ- ဖိနပ်တိုက်သမား, ချေးကျုံးဝိဇ္ဇာကြီး, ထမင်းငတ်စာရေးဆရာကြီး, စိန်ကုန်သည်ကြီး စသည်ဖြင့်
အလုပ်အကိုင်ကိုစွဲ၍ဆဲရေးခြင်း၊
၅ သိပ္ပ -အင်ဂျင်နီယာ ပါရဂူကြီး, ကျူထရံရက်ဝိဇ္ဇာကြီး, စသည်ဖြင့် အတတ်ပညာကိုစွဲ၍ဆဲရေးခြင်း၊
၆ အာဗာဓ- ဖာကျိုး, ရှိုက်ကုန်း, မီးယပ်ပိန် စသည်ဖြင့်အနာရောဂါကိုထိခိုက်၍ ဆဲရေးခြင်း၊
၇ လိင်္ဂ- လံဗားကြီး, အသူရိန်ကြီး, ငပု, ညှပ်စိ, ငကုန်း, မယ်ဗမာ, မောင်ဒဂုံ, စသည်ဖြင့် အသွင်ကိုစွဲ၍ဆဲရေးခြင်း၊
၈ ကိလေသ- တဏှာအိုး, ဒေါသကုမ္မာ , မရှင်းမရှင်းဝိစိကိစ္ဆာကြီး စသည်ဖြင့် ကိလေသာတစ်ပါးပါး အမည်ကိုတပ်၍ ဆဲရေးခြင်း၊
၉ အာပတ္တိ- ပါရာဇိက ,သံဃာဒိသိသ်, ဒုက္ကဋ်အိုး စသည်ဖြင့် အာပတ်အမည်ကိုထပ်၍ဆဲရေးခြင်း၊
၁၀ အက္ကောသ- နင့်အမေနင့်နှမ, ခွေးမသား, ခွေးသား, ၀က်မြေး, မဟောသဓာ, ဘုရားလောင်း စသည်ဖြင့် ဆဲရေးခြင်းမျိုး။
မှတ်ချက်။ ။ ထိုအက္ကောသ၀တ္ထုဆယ်ပါးတွင် အယုတ်အမြတ်အားဖြင့် ၂-ပါးစီဖြစ်၏။

ဆဲရေးခြင်းမျိုး ၁၀ ပါး၊ တစ်နည်း။ ။ သံယုတ်။ ဋ္ဌ။ ပ အုပ်။ ၂၀၀ ၌အကျယ်ရှုပါ။
(၁) စောရောသိ- သူခိုး၊
(၂) ဗာလောသိ- ငမိုက်၊
(၃) မူဠောသိ- ငမေ့ကောင်၊ ငထူ၊ ငထိုင်း၊
(၄) ထေနောသိ- သူခိုး၊
(၅) သြဠောသိ-ငကုံး၊ ကလားအုဋ်၊
(၆) မေဏ္ဍောသိ- သိုး၊ ဆိတ်၊
(၇) ဂေါဏောသိ- ငနွား၊ နွားကောင်၊
(၈) ဂဒြဘာသိ- မြည်းကောင်၊
(၉) တိရစ္ဆာန ဂတောသိ- တရိစ္ဆာန်ကောင်၊
(၁၀) နေရယိကောသိ ငရဲကောင်။

ဆယ့်နှစ်ရာသီ လ, ပွဲ, ပန်း, နက္ခတ်, တာရာ, နှင့် ရာသီရုပ်ပုံအစုံ။ ။ ဆယ့်နှစ်လရာသီ၏ ဆိုင်ရာမှတ်ဖွယ်များကို အကျဉ်းမျှ အစုံဖြေလိုက်သည်။
(၁) မိဿရာသီ- တန်ခူးလ၊ အတာသင်္ကြန်ရေလောင်းပွဲ၊ ရင်ခတ်ပန်း, ကံ့ကော်ပန်း၊ စိတြနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ တံငါတာရာထွန်း၊ ရာသီရုပ်ကား ဆိတ်သတ္တ၀ါဖြစ်၏၊
(၂) ပြိဿရာသီ- ၎င်းင်းအကျယ်"ကဆုန်လနှင့် မှတ်ဖွယ် ၁၆-ချက်"ဟူသော သုတေသနရပ်၌ကြည့်ပါ၊
(၃) မေထုန်ရာသီ- နယုန်လ၊ စာမေးပွဲသဘင်၊ မဟာသမယအခါတော်၊ ဓမ္မသဘင်၊ စပယ်ပန်း, မြတ်လေးပန်း၊ ဇေဋ္ဌနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ မြင်းတာရာထွန်း၊ ရာသီရုပ်ကား အပျိုနှင့်လူပျိုယှဉ်တွဲနေပုံ၊
(၄) ကရကဋ်ရာသီ- ၀ါဆိုလ၊ ပဉ္ဇင်းခံပွဲသဘင်, ဓမ္မစကြာအခါတော် သဘင်၊ ပုန်းညက်ပန်း၊ အာသဠှီခေါ် ဥတ္တရာသဠ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ပုဇွန်လုံးဂဏန်းသတ္တ၀ါပုံ၊
(၅) သိဟ်ရာသီ- ၀ါခေါင်လ၊ စာရေးတံမဲ၊ ဆွမ်းလောင်းပွဲသဘင်၊ ခတ္တာပန်း၊ သရ၀ဏ်ခေါ် ဓနသိဒ္ဓိနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ခြင်္သေ့သတ္တ၀ါ၊
(၆) ကန်ရာသီ-တော်သလင်းလ၊ လှေပြိုင်ပွဲ, သစ်ဆင်းပွဲသဘင်၊ ယင်းမာပန်း, အဒြခေါ် ပြုပ္ပါဘဒြပိုဒ်နက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ဗျိုင်းတာရာထွန်း၊ ရာသီရုပ်ကား ကညာပျိုရုပ်ပုံ၊
(၇) တူရာသီ- သီတင်းကျွတ်လ၊ မြင့်မိုရ်မီးထွန်းပွဲ, ပ၀ါရဏာပွဲ, အဘိဓမ္မာအခါတော်သဘင်များ၊ ကြာမျိုးငါးပါးပန်း၊ အဿဝဏီနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်းတောက်၊ ရာသီရုပ်ကား ကုန်သည်ချိန်ခွင်ကိုင်ပုံ၊
(၈) ဗြိစ္ဆာရာသီ- တန်ဆောင်မုန်းလ၊ ကထိန်ပွဲတော်, တန်ဆောင်တိုင် ပွဲတော် ကြတ္တိကာနက္ခတ်ပွဲသဘင်၊ ခ၀ဲရွှေဝါပန်း၊ ကြတ္တိကာနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ကျီးတာရာထွန်း၊ ရာသီရုပ်ကား ကင်းမလက်မဲပုံ၊
(၉) ဓနုရာသီ- နတ်တော်လ၊ နတ်ကနားပေးပွဲ၊ ဂမုန်း အင်ပန်း, သဇင်ပန်း၊ မိဂသီနက္ခတ်နှင့် စန်းယှဉ်ပြည့်၊ ဟင်္သာတာရာထွန်း၊ ရာသီရုပ်ကား အရှေ့ပိုင်းလူ အနောက်ပိုင်းမြင်းဖြစ်၏၊
(၁၀) မကာရရာသီ-ပြာသိုလ၊ မြင်းခင်း ဆင်ခင်းသဘင်ပွဲ သူရဲကောင်းများဘွဲ့နှင့်သဘင်၊ ခွာညိုပန်း၊ ဖုသျှနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ပုစွန်တာရာထွန်း၊ ရာသီရုပ်ကား သမင်နှင့်ငါးဖြစ်၏၊
(၁၁) ကုံရာသီ- တပို့တွဲလ၊ ယာဂုနှမ်းမနဲပွဲ, ထမနဲပွဲ, မီးပုံပူဇော်ပွဲ၊ ဆူးပန်း၊ မာဃနက္ခတ်နှင့်စန်းယှဉ်ပြည့်၊ ချိန်တာရာထွန်း၊ ရာသီရုပ်ကား၊ ရေထမ်းသမားဆင်းရဲသားပုံ၊
(၁၂) မိန်ရာသီ- တပေါင်းလ၊ သဲပုံစေတီ ဘုရားပူဇော်ပွဲ၊ သရဖီပန်း ပိတောက်ပန်း၊ ဖဂ္ဂုဏခေါ် ဥတ္တရာဖလ ဂုဏ္ဏီနတ်ခတ်နှင့်စန်းယှဉ်ပြည့်၊ ဆံကျင့်တာရာထွန်း၊ ရာသီရုပ်ကား ငါးနှစ်ကောင်ရေကူးနေပုံ။
မှတ်ချက်။ ။ ဤ၌ တရာများကား သက္ကဋနက္ခတ္တဒီပနီနှင့် မယ်ခွေးအဲတို့ မတူကွဲလွဲရှိကြသည်။

ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄ အင်အမည်ထူး။ ။ ယခုခေါ်ရိုးအစဉ် လအမည်ဆယ့်နှစ်ပါးတွင် ရှေးဟောင်းအမည် ၄-ပါးကိုဆိုသည်။
(၁) ၀ါဆို- နွယ်တာဟုရှေး၌ခေါ်၏၊
(၂) ၀ါခေါင်- နံ့ကာဟုရှေး၌ခေါ်၏၊
(၃) တော်သလင်း-သစ်ဆင်းဟုရှေး၌ခေါ်၏၊
(၄) သီတင်းကျွတ်- သန်တူဟုရှေး၌ခေါ်၏။

ဆွမ်းကပ်သူများ၊ သတိထား၊ ၅ ပါးကပ်အင်္ဂါ။ ။ ရဟန်းသံဃာတော်တို့အား ဆွမ်းကပ်လာသောအခါ အကပ် မြောက်ကြောင်းအင်္ဂါငါးပါးကို သိထားရန်ဆိုသည်။ ၎င်းင်းကို ၀ိနည်းလင်္ကာဖြင့်သိပါ။
(၁) ရှေးရှုလည်းဆောင်၊
(၂) နှစ်တောင့်ထွာရောက်၊
(၃) မြှောက်နိုင်ဝတ္ထု၊
(၄) သုံးခုပေးခြင်း၊
(၅) ခံခြင်း နှစ် လောက်၊ ကျမ်းလာထောက် ကပ်မြောက်အင်္ဂါငါးပါးတည်း။
မှတ်ချက်။ ။ (၃)၌ ယခုခေတ် အားကောင်းသူတစ်ယောက်နိုင်လောက်သော ၀တ္ထုကိုသာဆိုသည်၊
(၄)၌ကိုယ်ဖြင့်ပေးခြင်း ကိုယ်နှင့်စပ်သော ဇွန်းယောက်မစသည်တို့ဖြင့်ပေးခြင်း၊ နှစ်တောင့်ထွာအတွင်း၌ ပစ်မြှောက်လှိမ့်တွန်း၍ပေးကပ်ခြင်း၊ သုံးမျိုးကိုဆိုသည်၊
(၅)၌ ကိုယ်ဖြင့်ခံယူခြင်း၊ ကိုယ်နှင့်စပ်သော ခွက် သပိတ် ခုံစသည်တို့ဖြင့်ခံယူခြင်းနှစ်ပါးကိုဆိုသည်။

ဆွမ်းဒါနအကျိုး ၅ ပါး။ ။ ဆွမ်းကျွေးပေးလှူခြင်းအကျိုးငါးပါးဟူ၏၊
(၁) အာယု- အသက်ရှည်ခြင်း၊
(၂) ၀ဏ္ဏ-အဆင်းရုပ်ရည် လှပခြင်း၊
(၃) သုခ- ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်း၊
(၄) ဗလ- ခွန်အားသန်စွမ်းခြင်း၊
(၅) ပဋိဘာန- သင့် မသင့် မှန် မမှန် ဝေဖန်Óဏ်ရှိခြင်း။

ဆွမ်းဘတ်မျိုး ၇ ပါး။ ။ ဆွမ်းအတွက် ရဟန်းတော်များအား ဘုရားရှင်ခွင့်ပြုတော်မူခြင်း ၇-ပါး၊ ဆွမ်းမခံဘဲ စားကောင်းသည်။
(၁) သံဃဘတ်- တိုက်သံဃာအားလုံးအား ပေးလှူသောဆွမ်း၊
(၂) ဥဒ္ဒေသ ဘတ်-ဘတ္တုဒ္ဒေသက ရဟန်းကိုရည်ညွှန်း၍ လှူသောဆွမ်း၊
(၃) နိမန္တန ဘတ်- ပင့်ဖိတ်၍လှူသောဆွမ်း၊
(၄) သလာကဘတ်- မဲချ၍လှူသောဆွမ်း၊
(၅) ပက္ခိက ဘတ်- ဆန်းဆုတ်ပက္ခ၌ ရက်သတ်မှတ်၍လှူသောဆွမ်း၊
(၆) ဥပေါသထိက ဘတ်- ဥပုသ်နေ့၌ လှူသောဆွမ်း၊
(၇) ပါဋိပဒိကဘတ်- ဥပုသ်ထွက်၍လှူသောဆွမ်း။

ဆွမ်းမျိုး ၂ ပါး၊ အကျိုးများ၊ ထွတ်ဖျားခေါင်ထိပ်ဗွေ။ ။ လောက၌ အခြားဆွမ်းတို့ထက် အကောင်းဆုံးဖြစ်၍မြတ်စွာဘုရားချီးမွမ်းတော်မူသော ဆွမ်းထူးဆွမ်းမြတ်နှစ်မျိုး၊ မဟာပရိနိဗ္ဗာနသုတ်မှ။
(၁) သုဇာတာသူဌေးသမီး လှူသော နို့ဃနာဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူ၍ အမြတ်ဆုံးသမ္မာသမ္ဗောဓိဥာဏ်ကို ရတော်မူသည်။
(၂) ဒါယကာ စုန္ဒလှူသော သူကရမဒ္ဒ၀ ခေါ် ၀က်ဟင်းဆွမ်း၊ ထိုဆွမ်းကိုဘုဉ်းပေးတော်မူပြီး၍ ခန္ဓာကြွင်းမရှိသော
အနုပါဒိသေသ နိဗ္ဗာန်နန်းသို့ ကြွမြန်းစံဝင်တော်မူသည်။

ဆွမ်းမခံရာသည့်ဌာန ၆ ပါး။ ။ ၀ိသုဒ္ဓိမဂ်။ ပ-အုပ်။ ၁၇။ ၀ိနည်းမဟာဝါ။ ပါ။ ၉၉။ ဋ္ဌ။ ၂၇၃။ ရဟန်းတော်များ မသွားလာမကျက်စားကောင်းသော ဌာနများဟူ၏။

ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်။ ။ ပါရာဇိကဏ်၊ ပါ။ ၃၀၇။ ဋ္ဌ။ ဒု- ၂၀၀။ ၎င်းင်း ပါ။ ၃၃၃။ ဋ္ဌ။ ၂၆၄။ မိမိ၏အထက်နှင့်အောက် ၇-ဆက်တိုင် ရေတွက်၍ရသူကို 'ဥာတိက- ဆွေမျိုးတော်သူ'ဟု ၀ိနည်းပိဋကတ်တော်၌ အသိအမှတ်ပြုထား၏။ ၇- ဆက်တွင် အထက်, အောက်မှ မပါဝင်သူကို 'အညာတိက-ဆွေမျိုးမတော်သူ'ဟု ယူရ၏။
အထက် ၇ဆက်ရေတွက်ပုံ။
(၁) ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော ဟူ၍လည်းကောင်း၊
(၂) ဘ ဘိုး ဘေး ဘီ ဘင် ညှောက် စေ့- ဟူ၍လည်းကောင်း၊
(၃) ဘ ဘိုး ဘေး ဘီ ဘဲ့ ဘော့ ဘွေးဟူ၍လည်းကောင်း၊
(၄) အဖ အဖိုး အဘွေး အဘဲ အဘီ အဘော အဘောင် ဟူ၍လည်းကောင်း၊
ဤသို့ ဆရာအမျိုးမျိုးတို့ ကျမ်းအမျိုးမျိုးတို့၌ တစ်မျိုးစီ ဝေါဟာရသုံးစွဲပုံ ကွဲကြောင်းနှင့်မှတ်သားကြ၏။
အောက် ၇-ဆက်ရေတွက်ပုံ။
(၁) သား, မြေး, မြစ်, တီ, တွတ်, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
(၂) သား, မြေး, မြစ်, တီ, ကျွတ်, ဆတ်, ဆက်-ဟူ၍လည်းကောင်း၊
(၃) သား, မြေး, မြစ်, တီ, မြှော့, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
ဤသို့ မူကွဲသုံးမျိုးစီ တွေ့မှတ်ရဖူး၏။
'မဃဒေ၀လင်္ကာ' ဆရာအလိုသော်ကား၊
'ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘç အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲး၊ တစ်ကွဲ အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး, မြစ်၊ တစ်ဆစ် တီ, မြှော့၊ မှတ်လော့ ကျွတ်, ဆက်၊ ကျမ်းဂန်ထွက်၏။'ဟူ၍ ဖြစ်၏။

ဆွေမျိုး ၄ ပါး။ ။ မျိုးနွယ်အားဖြင့်ယူနည်း၊ သုတ္တနိပါတ်။ ပါ။ ၂၈၈။ ဋ္ဌ။ ပ-အုပ်။ ၁၀၁။
(၁) ဥာတိဗန္ဓု-မျိုးဆက် ထက်, အောက်, ၇-ဆက်ထိ၊
(၂) ဂေါတ္တဗန္ဓု- အနွယ်အားဖြင့် အဆက်ပေါင်းများစွာစွဲယူခြင်း၊
(၃) မန္တဗန္ဓု- ကောင်းတူဆိုးတူ တိုင်ပင်ဖေါ်တိုင်ပင်ဖက်မျိုး၊
(၄) သိပ္ပဗန္ဓု- ဆရာတူတပည့်ကျောင်းနေဖက်အတတ်ပညာတူသူချင်း။

ဆွေမျိုး ၄-ပါး၊ တစ်နည်း။ ။ မူလပဏ္ဏာသ။ ဋ္ဌ။ ဒု-အုပ်။ ၃၁၃-၌အကျယ်ရှု။
(၁) ဥာတိ- မိမိအထက် ၇-ဆက်၊ အောက် ၇-ဆက် တော်စပ်သူမျိုး၊
(၂) ဂေါတ္တ- မျိုးရိုး၏အဆက်အနွယ်မျိုး၊
(၃) မိတ္တ- အတူ သွားလာစားသောက်ဖူးသော မိတ်ဆွေမျိုး၊
(၄) သိပ္ပ- ကျောင်းနေဖက် ဆရာတူတပည့်မျိုး။

No comments:

Post a Comment