Sunday, December 21, 2008

ဒ---ဒက္ခိဏေယျ မှ ဒွေပဉ္စ၀ိညာဉ်

ဒက္ခိဏေယျ ပုဂ္ဂိုလ် ၈-ယောက်။ ။ မြတ်သောအလှူခံပုဂ္ဂိုလ် ၈-ယောက်။
(၁) သောတာပန်ပုဂ္ဂိုလ် ၂-ယောက်၊
(၂) သကဒါဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၃) အနာဂါမ်ပုဂ္ဂိုလ် ၂-ယောက်၊
(၄) အရဟတ္တပုဂ္ဂိုလ် ၂-ယောက်။

ဒဏ် ၁၀-ပါး။ ။ အပါဒါန်။ ဋ္ဌ။ ၂၇၁။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၁၅။ ၎င်းင်း။ ဋ္ဌ။ ဒု-အုပ်၊ ၄၄-တို့၌ အကျယ်ရှု။ လောက၌ ခင်ပွန်းကြီး ၁၀-ပါးခေါ် ကျေးဇူးရှင်ကြီးဆယ်ပါးကို ပြစ်မှားခြင်းကြောင့်ရရှိသော အပြစ်ကြီး ၁၀- ပါး။
(၁) ဖရုသ ဝေဒနာ- ကြမ်းတမ်းစွာဦးခေါင်းနာ စသည်ကပ်ရောက်ခြင်း၊
(၂) ဟာနိ- စည်းစိမ်စသည် ဆုတ်ယုတ်ပျက်စီးဆုံးပါးခြင်း၊
(၃) သရီရ ဘေဒန- လက်ခြေပြတ်ခြင်း၊ ကိုယ်အင်္ဂါပျက်စီးခြင်း၊
(၄) ဂရုကာဗာဓ-ဆေးကု၍မရ၊ ကြီးလေးစွာသောအနာ ကပ်ရောက်ခြင်း၊
(၅) စိတ္တက္ခေပ- ရူးသွပ်ခြင်း၊ စိတ်ပျံ့လေလွင့်ခြင်း၊
(၆) ရာဇူပသဂ္ဂ- မင်းဘေး မင်းဒဏ်သင့်ခြင်း၊
(၇) ဒါရုဏဗ္ဘက္ခာန- ရုန့်ကြမ်းစွာ စွပ်စွဲခံရခြင်း၊
(၈) ဥာတိပရိက္ခယ- ဆွေမျိုး ပြုန်းတီးပျက်စီးခြင်း၊
(၉) ဘောဂပတင်္ဂု- စည်းစိမ်အခြွေအရံ ပျက်စီးခြင်း၊
(၁၀) အာဂါရဂ္ဂိ ဒုယှန- နေရာ၊ တိုက်၊ အိမ်၊ အဆောက်အဦကို မီးသင့်လောင်ကျွမ်းခြင်း။


ဒဏ္ဍဥပါယ်၊ မျိုး ၃-သွယ်၊ ကျင့်ဘွယ် မင်းတို့သိ။ ။ အမရ ကောသဋီကာဥပါယ် ၄-ပါး အဖွင့်မှ ယူပြသည်။ အပြစ်ရှိသူကို တစ်ကြိမ်နှင့်ကြောက်အောင် ဒဏ်ခတ်ဆုံးမပါဟု ဆိုလိုသည်။
(၁) အသက်သေအောင်သတ်ဖြတ်ခြင်းဒဏ်၊
(၂) ဥစ္စာဒဏ်၊ ရာထူးမှနှုတ်ပယ်ခြင်းဒဏ်၊
(၃) ထောင်ဒဏ် ကြိမ်ဒဏ်၊ ခြေလက်စသည် ဖြတ်ပစ်ခြင်းဒဏ်။

ဒန္တဇ အက္ခရာ ၈-လုံး။ ။ သွားအရပ်မှ မြည်ထွက်၍လာသော အက္ခရာမျိုး ၈-ပါး။
လျှာဖျားဖြင့် သွားသို့ထောက်၍ ရွတ်ရသော အက္ခရာမျိုးဟူ၏။ "တ ထ ဒ ဓ န လ ၀ သ"။
မှတ်ချက်။ ။ ၀ အက္ခရာကား နှုတ်ခမ်းနှင့်သွား ၂-ပါးထိအက္ခရာမျိုး ဖြစ်၏။

ဒန်ပူစားခြင်းအကျိုး ၅-ပါး။ ။ ၎င်းင်းသရုပ်အဓိပ္ပါယ် (သွားတိုက်ခြင်းကျိုး ၅-ပါး)၌ ဖြေကြားမည်။ စူဠ၀ါပါဠိတော်။

ဒသ ဗလာ၊ အား ၁၀-ဖြာ၊ ထုတ်ခါ ဖြေတော်မူ။ ။ ၎င်းင်းသရုပ်ကို (အားတော် ၁၀-ပါး)၌ ရှုပါလေ။

ဒသမူ ၁၀-ပါး။ ။ ဆေးကျမ်းလာ အပေါင်းဝေါဟာရ၊ ဤ၌ ပဉ္စကူသည် ခုဒ္ဒ ပဉ္စကူ , မဟာပဉ္စကူ ဟု နှစ်မျိုးလာ လေသည်။ "ဆူးလေ, ဆင်ခရမ်း, ကစော့, သာလဗြရဏီ, ပြိဿ ဗြရဏီ" ၎င်းင်းငါးပါးကို ခုဒ္ဒပဉ္စကူဆိုသည်။ မဟာပဉ္စကူကား-
"ဥသျှစ်, ကြောင်လျှာ, တပဆေး, သခွတ်, ရမနေ" ၎င်းင်းဆေးငါးပါးကို ဆိုသည်။
ဤဆေး ဆယ်ပါး အမြစ်အပေါင်းကို ဆေးကျမ်းတို့၌ "ဒသမူ ဆယ်ပါး"ဟု ခေါ်ဝေါ်ညွှန်းဆိုကြကုန်၏။

ဒသရူပါ၊ သတ္တ၀ါ၊ ၁၀-ဖြာရုပ်ပုံ အဘယ်နည်း။ ။ ရွှေဘုံနိဒါန်းလာ ဒသရူပဖောင်တော်ပုံမှ ယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီး၊ အမောက်၊ လည်ဆံ၊
(၂) တိုးအမြီးနှင့် ခြေတစ်ဖက် လက်တစ်ဖက်၊
(၃) နွားလဘို့၊
(၄) ငါးကျင်း အမြီး၊
(၅) မြင်းနား နှစ်ဖက်, ခြေတစ်, လက်တစ်၊
(၆) ဆင်စွယ်နှစ်ချောင်း၊
(၇) မကန်းနှာမောင်၊
(၈) သမင်ချို တစ်ဖက်၊
(၉) ကျွဲချို တစ်ဖက်၊
(၁၀) ကရ၀ိတ် အတောင်နှစ်ဖက်။

ဒသာကြီး ၁၀-ပါး။ ။ ဗေဒင်ကျမ်းလာ ကောင်းဆိုးခွဲခြား သတ်မှတ်တွက်စစ်သော အခိုက်အတန့်ကာလ၏ အစိတ်ကြီး ၁၀-ပါး။
(၁) ကိုယ်ဝန် တည်ခိုက်ကာလ၊
(၂) မွေးဖွားခိုက် ၀ိဇာတ ကာလ၊
(၃) နို့စို့ကလေး အခိုက်ကာလ၊
(၄) ဆယ်နှစ်အတွင်း ဒါရကအရွယ်၊
(၅) ဆယ်နှစ်မှ ဆယ်ငါးနှစ်အထိ ကိသောရအရွယ်၊
(၆) ကုမာရ ပျိုပျိုအရွယ်၊
(၇) ထက်ဝက်အိုအရွယ် လူလတ်ကာလ၊
(၈) မဟလ္လက-အဘိုးအိုအရွယ်၊
(၉) မတကာလ- သေခါနီးအရွယ်၊
(၁၀) မရဏ- သေခြင်းကာလ။

« ဒါ »

ဒါနအတုမျိုး ၅-ပါး။ ။ သူမိုက်တို့ပြုလေ့ရှိသည့် အပယ်လားကြောင်း ဒါနမျိုး ၅-ပါးဟူ၏။ ပရိဝါ။ ပါ။ ၂၃၁။ ဋ္ဌ။ ၁၇၃-၌ရှု။ ၎င်းင်းသရုပ် (မပေးလှူအပ်သော ဒါနမျိုး ၅-ပါး)၌ ပြမည်။

ါနဥပါယ်၊ မျိုး ၅-သွယ်၊ မင်းဝယ်ကျင့်ဆောင်သုံး။ ။ အမရကောသဋီကာ ဥပါယ် ၄-ပါး အဖွင့်မှယူပြသည်။
(၁) ဒဗ္ဗဒါန- သူယူသုံးဆောင်သည်ကို ပြန်မတောင်းတော့ဘဲ အပြီးအပိုင်ပေးလိုက်ခြင်း၊
(၂) အနုမောဒါန- မိမိအား ပန်ကြား မပန်ကြားဘဲ ယူငင်သုံးဆောင်သည်ကို ၀မ်းမြောက်ခြင်း၊
(၃) အပုဗ္ဗဒါန- ရှေးကမရစဖူး ထူးမြတ်သော ဥစ္စာရတနာတို့ကို ပေးကမ်းခြင်း၊
(၄) သယံ ဂါဟ ပ၀တ္ထဒါန- မိမိ၌ အခန့်မသင့်မီ သူတစ်ပါးဥစ္စာကို ချေးငှားယူသုံးစေလျက် နောင်ခါ ငါပေးမည်ဟု တာဝန်ဂတိပေးထားခြင်း၊
(၅) ဣဏပ္ပ မောစန ဒါန- ကြွေးမြီနှိပ်စက်ခံနေရသူကို စိုက်ဆပ်ပေးခါ သူ့ကြွေးမှလွတ်စေခြင်း။

ဒါနပြုကြ၊ ကျိုးမဟ၊ သုံးဝအင်္ဂါလာ။ ။ ဒါနပြု အလှူပေးရာ၌ အောက်ပါအင်္ဂါ ၃-ပါးနှင့်ပြည့်စုံမှ မဟမ္ဖလခေါ် ကြီးကျယ်မွန်မြတ်သော အကျိုးမျိုးရနိုင်သည်။
(၁) အလှူပေးသူသည် စင်ဖြူသောသီလဖြင့် လွတ်ကျွတ်စွာ စွန့်ကြဲ လှူဒါန်းနိုင်ခြင်း၊
(၂) အလှူခံပုဂ္ဂိုလ်၏ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း၊
(၃) လှူဖွယ်ဝတ္ထု၏ ဓမ္မိယလဒ္ဓခေါ် တရားသဖြင့်ရရှိထားသော ပစ္စည်းများဖြစ်ရခြင်း။

ဒါနပြုရှာ၊ ကြောင်း ၈-ဖြာ၊ ကျမ်းလာအဘယ်နည်း။ ။ အဋ္ဌင်္ဂုတ္တရ။ ပါဠိတော်နှင့် သံဂီတိသုတ် ပါဠိတော်တို့၌ လာသည်၊ အဖြေကို အောက်ပါလင်္ကာဖြင့်သိပါ။
(၁) ရောက်လာ၍လှူ- မိမိတို့ဌာနသို့ ရောက်လာ၍လှူခြင်း၊
(၂) ကြောက်၍လှူနှင့်- ကြောက်သောကြောင့် လှူခြင်း၊
(၃) ပေးလှူ၍ လှူ- သူကပေးလှူ၍ တစ်ဖန်ပြန်လှူခြင်း၊
(၄) ပေးလိမ့်လှူတည့်- လာဘ်ကို မျှော်ကိုး၍ လှူခြင်း၊
(၅) ရှေးသူတို့ငြမ်း- မိရိုးဖလာလှူခြင်းမျိုး၊
(၆) မချက်စွမ်းနှင့်- ရဟန်းတော်များ ချက်မစားကောင်း၍ လှူခြင်း၊
(၇) ချီးမွမ်းရလို- ချီးမွမ်းခံယူလို၍ လှူခြင်း၊
(၈) မဂ်ဖိုလ်လိုသည်- မဂ် ဖိုလ်ကို ရလို၍လှူခြင်း၊
မိန့်ဆိုဒါန ရှစ်မျိုးတည်း။

ဒါနမျိုး ၂-ပါး၊ ၅-နည်း။ ။ ပေးလှူပုံ ကောင်းဆိုးနည်း ၅-မျိုး၊
(၁) ၀ဋ္ဋနိဿိတ ဒါန- လူနတ်စည်းစိမ်ချမ်းသာမျှကိုသာ တောင့်တ၍ပြုသောအလှူမျိုး၊
(၂) ၀ိဝဋ္ဋ နိဿိတဒါန- ၀ဋ်ဒုက္ခမှ လွတ်မြောက်ရာ မဂ် ဖိုလ် နိဗ္ဗာန်ကို ရည်မှန်း၍ပြုသော ဒါနမျိုး။ (ပါရမီဒါနလည်းဟူ။)
၎င်းင်းတစ်နည်း။ ။
(၁) အာမိသ ဒါန- ၀တ္ထုပစ္စည်းမျိုးစုံ အလှူမျိုး၊
(၂) ဓမ္မဒါန- တရားပေစာအလှူတရားဟော တရားနာ တရားအားထုတ် တရားစာသင်ယူပို့ချမှုမျိုး။
၎င်းင်းတစ်နည်း။ ။
(၁) သံဃိက ဒါန- အများဆိုင် အများပိုင်အလှူမျိုး၊
(၂) ပုဂ္ဂိလိကဒါန-တစ်ဦးတည်းပိုင် ပုဂ္ဂိုလ်ကို လှူခြင်း။
၎င်းင်းတစ်နည်း။ ။
(၁) အဂ္ဂဒါန- စားဦး စားဖျား အထွတ်အမြတ်အသစ်ကိုပေးလှူခြင်း၊
(၂) ဥစ္ဆိဋ္ဌဒါန- စားကြွင်းစားကျန် သုံးပြီးများကို ပေးလှူခြင်းမျိုး။
၎င်းင်းတစ်နည်း။ ။
(၁) သက္ကစ္စဒါန- ရိုပေလေးမြတ်စွာပေးလှူခြင်းမျိုး၊
(၂) အသက္ကစ္စ ဒါန-မရိုမသေပေးလှူမှုမျိုး။

ဒါနမျိုး ၃-ပါး။ ။ ပေးကမ်းလှူဒါန်းရာ၌ အယုတ် အလတ် အမြတ် သုံးပါး။
(၁) ဟီနဒါန- ပကာသနမှုလိုလားပြီး စိတ် ဆန္ဒ ၀ီရိယ ပညာတို့ ညံ့ညံ့ဖြင့်ပြုသော ဒါနမျိုး၊
(၂) မဇ္ဈိမ ဒါန- စိတ် ဆန္ဒ စသည် အလတ်စား လောကီစည်းစိမ်ချမ်းသာလောက်သာ အာရုံထားပြီး ပေးလှူသောဒါနမျိုး၊
(၃) ပဏိတဒါန- စိတ် ဆန္ဒ စသည် ထက်မြက်စွာ လောကမှထွက်ရေး နိဗ္ဗာန်သို့မျှော်တွေး၍ ပေးလှူသောဒါနမျိုး။
မှတ်ချက်။ ။ အကျယ်လိုမူ လယ်တီဆရာတော်၏ ဒါနာဒိ ဒီပနီ၌ ရှုပါလေ။

ဒါနမျိုး ၃-ပါး၊ တစ်နည်း။ ။
(၁) ဒါန ဒါသ- ကျွန်ကို ပေးကျွေးသလို ယုတ်ညံ့စွာပေးလှူခြင်းမျိုး၊
(၂) ဒါနသဟာယ- မိတ်ဆွေကို ပေးကျွေးသလို ကိုယ်စားသုံးသည့်အတိုင်း ပေးလှူခြင်းမျိုး၊
(၃) ဒါနသာမိ- အရှင်သခင်ကို ပေးကျွေးသလို အထွတ်အမြတ်ကို ပေးလှူခြင်းမျိုး။

ဒါန၀တ္ထု ၆-ပါး။ ။
လှူဖွယ်ဝတ္ထုမျိုး ၆-ပါး။
ရူပဒါန, သဒ္ဒ, ဂန္ဓ, ရသ, ဖောဋ္ဌဗ္ဗ, ဓမ္မဒါန။
စရိယာပိဋက။ ဋ္ဌ။ ၂၉၉-၌ အကျယ်ရှု။

ဒါန၀တ္ထု ၁၀-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၂၁။ ဋ္ဌ။ ၁၀၆။ ပေးလှူစရာ ၀တ္ထုပစ္စည်း ဆယ်ပါး။
(၁) အန္န-ဆွမ်းအလှူ၊
(၂) ပါန- ဖျော်ရည်အလှူ၊
(၃) ဃရ- ကျောင်းဇရပ်အလှူ၊
(၄) ၀တ္ထ- အ၀တ်သင်္ကန်းအလှူ၊
(၅) ယာန- လှေ ရထားစသော ယာဉ်အလှူ၊
(၆) မာလ- ပန်းအလှူ၊
(၇) ၀ိလေပန- နံ့သာပျောင်းရည် အလှူ၊
(၈) သေယျ- အိပ်ရာကော်ဇောအလှူ၊
(၉) ဂန္ဓ- နံ့သာမှုန့် ရေမွှေးအလှူ၊
(၁၀) ပဒီပ- ဆီမီး အလှူ။

ဒါယကာဝတ် ၅-ပါး။ ။ ရဟန်းတို့အား ဒါယကာ ဒါယိကာမများက ပြုရမည့်ဝတ်ငါးပါး၊
(၁) ချစ်ကြည်မြတ်နိုးသောမေတ္တာစိတ်ကိုအမြဲထားရခြင်း၊
(၂) ဆောင်ရွက်ပြုလုပ်ရမည့် ၀တ်ကြီးဝတ်ငယ်တို့ကို အစဉ်မပြတ်ပြုလုပ်ပေးရခြင်း၊
(၃) ရဟန်းတို့နှင့်တွေ့သောအခါ ခင်မင်ချိုသာစွာနှင့် ကျန်းမာချမ်းသာကြောင်းစသော သာရဏီယကထာစကားတို့ကို ပြောကြားနှုတ်ဆက်ရခြင်း၊
(၄) ပစ္စည်းလေးပါးနှင့် ရဟန်းတို့လိုသမျှ တောင်းယူနိုင်အောင်ဝိနည်းကံအားလျော်စွာ ဖိတ်ကြား၍ထားရခြင်း၊
(၅) ထိုသို့ ပစ္စည်းလေးပါး ဒါယကာဖြစ်သည်နှင့်အညီ မိမိတတ်အားသမျှကို ပေးလှူပူဇော်ရခြင်း။

ဒိဋ္ဌဓမ္မ အကျိုး ခံစားရသူ ၆-ယောက်၊ တစ်နည်း ၇-ယောက်။ ။ မိလိန္ဒပဥှာ။ ၁၂၀-၌ ပဏ္ဏမည်သော ကျွန်မကိုထည့်၍ ၇-ယောက်ပြသည်၊ ၎င်းင်း ၂၈၁-၌ ၆-ယောက်ပြသည်။ ဘုရားသခင် ထင်ရှားရှိစဉ်ကာလ မိမိတို့ဒါနကြောင့် မျက်မှောက်ဘ၀၌ပင် အကျိုးခံစားရသူ ၆-ယောက်ဟူ၏၊ အခြားပုဂ္ဂိုလ်များလည်းရှိသေးသည် မှတ်လေ။
(၁) မလ’ိကာ မိဖုရား၊ ဘုရားအား မုယောမုန့် အသိုးလှူ၊ ထိုနေ့၌ပင် ကောသလမင်းကြီး၏ မိဖုရားကြီးဖြစ်၊
(၂) ပုဏ္ဏခေါ် ကျွန်ကူလီ၊ ရှင်သာရိပုတ္တရာအား ဆွမ်းလှူ၊ ထိုနေ့၌ပင် သူဌေးကြီးပုဏ္ဏဖြစ်၏၊
(၃) ဧကသာဋကပုဏ္ဏား၊ ဘုရားအား အပေါ်ရုံပုဆိုးလှူ၊ ထိုနေ့၌ပင် အလုံးစုံ ရှစ်ခု ရှစ်လီသော ဥစ္စာတို့ကို ရ၏၊
(၄) သုမန ပန်းသည်မ၊ မုလေးပန်း ရှစ်ဆုပ်လှူ၊ ထိုနေ့၌ပင် စည်းစိမ်ချမ်းသာတို့နှင့်ပြည့်စုံခြင်းကိုရောက်၏၊
(၅) သုပ္ပိယ ခေါ် ဒါယိကာမ၊ ဂိလာနရဟန်းအား ပေါင်သားလှီးလှူ၊ နှစ်ရက်မြောက်၌ အနာလုံးဝ ပျောက်၊ အမာရွတ်မျှမထင်၊
(၆) ဂေါပါလ မာတာဒေ၀ီ၊ ဆံပင်ဖြတ်ရောင်းရ၊ ရှစ်သပြာငွေမျှကို ရှင်မဟာ ကစ္စည်းထေရ် အားလှူ၊ ထိုနေ့၌ပင် ဥတေနမင်းကြီး၏ မိဖုရားကြီးဖြစ်။

ဒိဋ္ဌဓမ္မနိဗ္ဗာန်မျိုး ၁၉-ပါး။ ။ ဒိဋ္ဌဓမ္မနိဗ္ဗာနသုတ် န၀င်္ဂုတ္တရ။ ပါ။ ၂၄၆။ ဋ္ဌ။ ၂၈၄-၌ အကျယ်ရှုပါ။ ဆိုင်ရာ တရားစုတို့၏ ချုပ်ငြိမ်းမှုချမ်းသာကို ယခုမျက်မှောက်ဘ၀၌ပင် ကောင်းစွာ တွေ့မြင်ခံစားရသော နိဗ္ဗာန်အမျိုးအစား ၁၉- ပါး။
(၁) ၀ိနီဝရဏနိဗ္ဗာန်၊
(၂) ပဌမဈာန်နိဗ္ဗာန်၊
(၃) ဒုတိယဈာန် ၎င်းင်း၊
(၄) တတိယဈာန်၎င်းင်း
(၅) စတုတ္ထဈာန် ၎င်းင်း၊
(၆) ပဉ္စမဈာန် ၎င်းင်း၊
(၇) အာကာသာနဉ္စာယတန နိဗ္ဗာန်၊
(၈) အာကိဉ္စညာယတန ၎င်းင်း၊
(၉) ၀ိညာဏဉ္စယတန ၎င်းင်း၊
(၁၀) နေ၀သညာနာသညာယတန ၎င်းင်း၊
(၁၁) သညာဝေဒယတိနိရောဓ၎င်းင်း၊
(၁၂) သောတာပတ္တိမဂ္ဂ ၎င်းင်း၊
(၁၃) သောတာပတ္တိဖလ ၎င်းင်း၊
(၁၄) သကဒါဂါမိ မဂ္ဂ ၎င်းင်း၊
(၁၅) သကဒါဂါမိဖလ ၎င်းင်း၊
(၁၆) အနာဂါမိ မဂ္ဂ ၎င်းင်း၊
(၁၇) အနာဂါမိ ဖလ ၎င်းင်း၊
(၁၈) အရဟတ္တမဂ္ဂ ၎င်းင်း၊
(၁၉) အရဟတ္တဖလ နိဗ္ဗာန်။

ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး။ ။ မျက်မှောက်ဘ၀၌ ကြီးကျယ်စွာအကျိုးပေးနိုင်မှုအတွက် အင်္ဂါ ၄-ပါး၊ ဓမ္မပဒအဋ္ဌကထာ ဒု-မှ။ (၁) အလှူခံပုဂ္ဂိုလ်မှာ ဘုရား ရဟန္တာ ပစ္စေကဗုဒ္ဓါဖြစ်ရခြင်း၊ (၂) နိရောဓသမာပတ်မှ ထခါစ ဖြစ်ရခြင်း၊ (၃) အလှူဝတ္ထု၏ ဓမ္မိယလဒ္ဓ ဖြစ်ရခြင်း၊ (၄) ထူးကဲလွန်မြတ်သော သဒ္ဓါရှိရခြင်း။

ဒိဋ္ဌဓမ္မ ဝေဒနိယကံ၏ အင်္ဂါ ၄-ပါး၊ တစ်နည်း။ ။ ယခုမျက်မှောက်ဘ၀၌ ကြီးကျယ်စွာ အကျိုးအမြတ်ပေးမှု အတွက် ပြုလုပ်သည့်ဒါနကုသိုလ်၏ အင်္ဂါ ၄-ပါး၊ အဋ္ဌသာလိနီ ၂၀၆။ ဓမ္မပဒ၊ ဋ္ဌ၊ ဒု-အုပ်၊ ၅၆။ တို့၌ အကျယ်ရှုပါ။
(၁) ၀တ္ထုသမ္ပဒါ- အလှူခံသူမှာ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာများဖြစ်ခြင်း၊
(၂) ပစ္စယသမ္ပဒါ-တရားသဖြင့် သန့်ရှင်းစင်ကြယ်စွာရသော လှူဖွယ်ပစ္စည်းဖြစ်ခြင်း၊
(၃) စေတနာသမ္ပဒါ- စေတနာသုံးတန်နှင့် ပြည့်စုံခြင်း၊
(၄) ဂုဏာတိရေကသပ္ပဒါ- အလှူခံသူသည် နိရောဓသမာပတ်မှ ထပြီးစဂုဏ်နှင့်ပြည့်စုံရခြင်း။

ဒိဋ္ဌိကြီး ၄-ပါး။ ။ သမ္ဗုဒ္ဓ၀ါဒနှင့် ဆန့်ကျင်သောတရား ၄-ပါး။
(၁) အကြိယဒိဋ္ဌိ- ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ်ခေါ်သော အကြောင်းတရားစု ပြုမှုတို့ကို ပယ်သောအယူ၊
(၂) နတ္ထိက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုးဟူသည်မရှိ၊ လူသေက လူ့ဘ၀ နတ်ဘ၀ အပါယ်ဘ၀ဟူ၍မရှိ၊ မရောက်၊အပြီးအပြတ်ဟူသော ၀ါဒမျိုး၊
(၃) အဟေတုက ဒိဋ္ဌိ- ကောင်းမှု မကောင်းမှု ပြုချင်ရာပြု၊ ကုသိုလ် အကုသိုလ်အရာသို့မရောက်၊ သူ့အသတ်သတ်နိုင်သည်၊ သူ့ဥစ္စာခိုးနိုင်သည်၊ စသော အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်သည့်ဝါဒ၊
(၄) နိယတ မိစ္ဆာဒိဋ္ဌိ- "အကိရိယဒိဋ္ဌိ၊ နတ္ထိက ဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ" ၃-ပါးတို့တွင် တစ်ပါးပါးကိုမြဲမြံစွာ စွဲလမ်းယူထားသော ၀ါဒ။

ဒိဋ္ဌိကြီး ၆၂-ပါး။ ။ ၎င်းင်းသရုပ် အဓိပ္ပါယ်ကို (ခြောက်ဆယ့်နှစ်ပါးသော မိစ္ဆာဒိဋ္ဌိ)မှာ ကြည့်ပါ။

ဒိဋ္ဌိ ဂိုဏ်းဆရာကြီး ၆-ယောက်။ ။ စာပေတို့၌ အများအားဖြင့် "တိတ္ထိဂိုဏ်း တိတ္ထိဘုရား"ဟု လာရှိသည်၊ ၎င်းင်းသရုပ်ကိုလည်း (တိတ္ထိဂိုဏ်း ဆရာကြီး ၆-ယောက်)ဟူသော ပုစ္ဆာ၌ ဆိုခဲ့ပြီ။

ဒိဋ္ဌိဖြစ်ခြင်း အကြောင်း ၂-ပါး။ ။
ဋီကာကျော်မှ။
(၁) အယူသီလ ဖောက်ပြန်မှားယွင်း ပျက်စီးခြင်းရှိနေသူကို မှီဝဲဆည်းကပ်ခြင်း၊
(၂) သဿတအယူ, ဥစ္ဆေဒအယူ ရှိနေခြင်း။

ဒီဃနိကာယ် ၃-ကျမ်း။ ။ ၎င်းင်းသရုပ်ကို (နိကာယ် ၅-ရပ်) ကç ပိုဒ်၌ ကြည့်ပါ။

ဒီဃသရ ၅-လုံး။ ။
၂-မတ္တရာကာလမျှ ရှည်ရှည် ရွတ်ဖတ်ရသော သရငါးလုံး၊
"အာ, ဤ, အူ, ဧ, သြ" တို့ဖြစ်၏။

« ဒု »

ဒုက္ခမျိုး ၃-ပါး။ ။ သုတ်ပါထေယျ။ ပါ။ ၁၈၁။ ဋ္ဌ။ ၁၇၄။ ဆင်းရဲခြင်းအပြား ၃-ပါး။
(၁) ဒုက္ခ ဒုက္ခ-ကာယိကဒုက္ခç စေတသိကဒုက္ခခေါ် ကိုယ်စိတ် ၂-ပါးဆင်းရဲခြင်းမျိုး၊
(၂) သင်္ခါရဒုက္ခ- လောကစည်းစိမ်တွေ မဖြစ်ဖြစ်အောင် ပြုပြင်အားထုတ်မှုဆင်းရဲ၊
(၃) ၀ိပရိနာမဒုက္ခ- သင်္ခါရနယ်ပယ်ဟူသမျှ ဖောက်ပြန်ပျက်စီးရမြဲ ဆင်းရဲ။

ဒုက္ခသစ္စာ၏ အနက်သဘော ၄-ပါး။ ။ ၎င်းင်းသရုပ်ကို (သစ္စာအနက် ၁၆-ချက်)၌ ရှုပါ။

ဒုစရိုက် ၃-ပါး။ ။ ကာယဒုစရိုက်, ၀စီဒုစရိုက် , မနောဒုစရိုက်ကိုခေါ်သည်။ အကျယ် (ဒုစရိုက် ၁၀-ပါး)၌ ရှုပါ။

ဒုစရိုက် ၁၀-ပါး။ ။ မူလပဏ္ဏာသ။ ပါ။ ၃၆၀။ ဋ္ဌ။ ၂၃၄။ နိဒါန၀ဂ္ဂသံယုတ်၊ ပါ။ ၃၇၇။ ဋ္ဌ။ ၁၃၃-၌ရှုပါ။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးပါးသို့ လားစေတတ်သော ဒုစရိုက်တရား ၁၀-ပါး။
(၁) ပါဏာတိပါတ- သူ့အသတ်ကိုသတ်ခြင်း
(၂) အဒိန္နာဒါနာ- သူ့ဥစ္စာကို ခိုးယူခြင်း၊
(၃) ကာမေသု မိစ္ဆာစာရာ- သူ့မယားကို သွားလာလွန်ကျူးခြင်း၊
ဤသုံးပါးကို မကောင်းမှုကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယဒုစရိုက် ၃-ပါးမည်၏။
(၄) မုသာဝါဒ- မဟုတ် မမှန်သောစကားကို အမှန်အဟုတ် ပြုလုပ်ပြောဆိုခြင်း၊
(၅) ပိသုဏ၀ါစာ-သူနှစ်ယောက်တို့၏ အချစ်ကိုပျက်အောင် ကုန်းတိုက်ခြင်း၊
(၆) ဖရုသ၀ါစာ- အကြမ်းအတမ်း ငေါက်ငမ်းဆဲရေးခြင်း၊
(၇) သမ္ဖပ္ပလာပ၀ါစာ- အပေါ့အဖျင်း အနှစ်ကင်းသောစကားကို ပြောဆိုခြင်း၊
ဤလေးပါးကား မကောင်းမှုကို နှုတ်ဖြင့်ပြုသောကြောင့် ၀စီဒုစရိုက် လေးပါးမည်၏။
(၈) အဘိဇ္ဈာ- သူ၏ဥစ္စာကို ငါ့ဥစ္စာဖြစ်သော် ကောင်းလေစွဟု စိတ်ကအောက်မေ့ခြင်း၊
(၉) ဗျာပါဒ-သူတစ်ပါးကို ငြိုးထားရန်မက် နှိပ်စက်ရအောင် စိတ်ကကြံဆောင်ခြင်း၊
(၁၀) မိစ္ဆာဒိဋ္ဌိ- ဘုရားဟောမှန်ကျမ်းဓမ္မခန်ကို ပယ်လှန်စိတ်ထား အယူမှားခြင်း၊
ဤသုံးပါးကား မကောင်းမှုကို စိတ်ဖြင့်ကြံစည်သောကြောင့် မနောဒုစရိုက် ၃-ပါးမည်၏။

ဒုစရိုက် ၃၀။ ။ အထက်ပါ ဒုစရိုက် ၁၀-ပါးတို့တွင် တစ်ပါးတစ်ပါးလျှင် စေတနာသုံးပါးစီ ရရကား စေတနာ သုံးတန်ဖြင့်မြှောက်က ဒုစရိုက် ၃၀-ဖြစ်၏။

ဒုစရိုက် ၃၀-ပါး တစ်နည်း။ ။ ဒုစရိုက် ၁၀-ပါးကို လောဘ ဒေါသ မောဟ ၃-ပါးနှင့်မြှောက်ပွားလျှင် ၃၀-ဖြစ်၏။ ဒသင်္ဂုတ္တရ။ ပါ။ ၄၇၀။ ဋ္ဌ။ ၃၃၈။

ဒုစရိုက် ၄၀။ ။

'ကိုယ်တိုင် တိုက်တွန်း၊ ချီးမွမ်း, စိတ်တူ၊ ပွားပြန်မူ၊ မှတ်ယူလေးဆယ်ကံ'
ဟူသော ဆောင်ပုဒ်အရ အထက်ပါဒုစရိုက် ၁၀-ပါးကိုတည်။
(၁) ကိုယ်တိုင်ပြုခြင်း၊
(၂) သူတစ်ပါးအားပြုဖြစ်အောင်တိုက်တွန်းခြင်း၊
(၃) သူတစ်ပါးပြုမှုကို ချီးမွမ်းထောပနာ ၀မ်းသာခြင်း၊
(၄) စိတ်တူခြင်း၊ ၄-ပါးနှင့်မြှောက်ပွားက အပါး၄၀-ဖြစ်သည်၊ ပါဠိ၊ အင်္ဂုတ္တရ ဒသက၌ယူ။

ဒုတိယအက္ခရာ ၅-လုံး။ ။
ဝဂ်ငါးပါးတွင် ပါဝင်သော 'ခ ဆ ဌ ထ ဖ' အက္ခရာငါးလုံးတို့ကို သဒ္ဒါစည်းမျဉ်းအရ ခေါ်ဆိုသည်။

ဒုလ္လဘတရား ၅-ပါး။ ။ သဂါထာဝဂ္ဂသံယုတ်။ ဋ္ဌ။ ၂၂၅-၌ အကျယ်ရှုပါ။ ရခဲလှစွာသော သဘောတရား၅-ပါး ဟူလို။
(၁) ဗုဒ္ဓပ္ပါဒဒုလ္လဘ- ဘုရားအဖြစ်ကို ရခဲခြင်း၊
(၂) မနုဿတ္တဘာဝ ဒုလ္လဘ- လူ့ဘ၀ လူ့အဖြစ်ကို ရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ- ရတနာသုံးပါး၏ဂုဏ်ကျေးဇူးသတ္တိနှင့် ကံ ကံ၏အကျိုးကိုယုံကြည်ခြင်း စိတ်ဓါတ်ကိုရခဲခြင်း၊
(၄) ပဗ္ဗဇ္ဇိတဘာဝ ဒုလ္လဘ- ဘုရားသာသနာအတွင်း၌ ရှင်သာမဏေ ရဟန်းပဉ္ဇင်းအဖြစ် ရခဲခြင်း၊
(၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ- သူတော်ကောင်းတို့၏ တရားစစ်တရားမှန်ကို အလွန်တရာ ကြားနာရခဲခြင်း။

ဒုလ္လဘ ပုဂ္ဂိုလ်ကြီး ၅-ပါး၊ တစ်နည်း။ ။ ရခဲလှစွာသော ပုဂ္ဂိုလ်ကြီးများ။ ပဉ္စင်္ဂုတ္တရ။ ပါ။ ၁၄၈။ ဋ္ဌ။ ၅၂။
(၁) ဗုဒ္ဓဘုရားစစ်စစ်၊
(၂) သစ္စာ ၄-ပါးကို ဟောကြားတတ်သော ဓမ္မကထိက အစစ်၊
(၃) သစ္စာတရားကို သိသော အရိယာအစစ်၊
(၄) မဂ်ဖိုလ်ရရေးကျင့်သော ၀ိပဿနာယောဂီအစစ်၊
(၅) သူ့ကျေးဇူးသိတတ်သူ ကတညုတ ကတဝေဒီပုဂ္ဂိုလ်။

ဒုဿီလရဟန်း၏ ကျေးဇူးဂုဏ် ၁၀-ပါး။ ။ မိလိန္ဒပဥှာ ၂၄၉-၌ အကျယ်ရှု။ လူဒုဿီလထက် ရဟန်းဒုဿီလက အောက်ပါကျေးဇူးဂုဏ် ၁၀-ပါး သာသည်ဟူ၏။
(၁) ဗုဒ္ဓဿ ဂါရ၀ဂုဏ်- ဘုရားရှင်၌ ရိုသေခြင်းရှိသည်၊
(၂) ဓမ္မ ဂါရ၀ဂုဏ်- တရားတော်၌ ရိုသည်၊
(၃) သံဃ ဂါရ၀ဂုဏ်- သံဃာတော်၌ ရိုသေခြင်းရှိသည်၊
(၄) သဗြဟ္မာစာရိက ဂါရ၀ဂုဏ်- သီတင်းသုံးဘော်၌ရိုသေ၍ ပါဠိအဋ္ဌကထာ၌ သင်ယူခြင်းလုံ့လရှိသည်၊
(၅) သ၀ဏ ဗာဟုလဂုဏ်- အကြားအမြင်များသည်၊
(၆) ပရိသဂတ အာကပ္ပ သမ္ပုဏ္ဏဂုဏ်- ဒုဿီလပင် ဖြစ်သော်လည်း ပရိသတ်အလယ်၌ ရဟန်းအသွင်အပြင်ကို ဖြစ်စေသည်၊
(၇) ဂရဟဘယ ကာယ၀ါစာရက္ခဂုဏ်-သူတစ်ပါးကဲ့ရဲ့မည်ဘေးကိုကြောက်၍ ကိုယ်နှုတ်ကိုစောင့်ရှောက်သည်၊
(၈) ပဓာနာဘိမုခဂုဏ်- ကမ္မဋ္ဌာန်း၌ ရှေးရှုစိတ်ရှိသည်။
(၉) ဘိက္ခု သာမညုပဂတဂုဏ်- ရဟန်း၏အဖြစ်သို့ကပ်သည်၊
(၁၀) ပါပစ္ဆန္ဒဂုဏ်-မကောင်းမှု၌ပြုသော်လည်း ဖုံးလွှမ်း၍ပြုကျင့်၏။

« ဒေ »

ဒေ၀ဒူတ တရား ၅-ပါး။ ။ လူတို့ သံဝေဂရမှုအတွက် နတ်တမန်ခေါ် သေမင်းတမန်ငါးပါး။ ဥပရိပဏ္ဏာသပါဠိတော်။
(၁) ဇာတိ- ပဋိသန္ဓေတည်နေ မွေးဖွားရမှု၊
(၂) ဇိဏ္ဏ- အိုမင်းရင့်ရော်ရမှု၊
(၃) အာတုရ-ကျင်နာကိုက်ခဲ ရောဂါသည်းခြင်း၊
(၄) အာဝုဓ- ဓား လှံ သေနတ်စသော လက်နက်မျိုး၊
(၅) မတ- သေသူ, သူသေကောင်။

ဒေ၀ဓံတရား ၂-ပါး။ ။ နတ်များ နှစ်သက်မြတ်နိုးသောတရား၊ ကမ္ဘာစောင့်တရား ၂-ပါးလည်း ခေါ်၏၊ ဓမ္မပဒ။ ဋ္ဌ။ ဒု-အုပ်။ ၄၈-နှင့် ဒေ၀ဓမ္မဇာတ် ဒုကင်္ဂုတ္တရပါဠိတော်၌လာသည်၊
(၁) ဟိရိ- မကောင်းမှုအားလုံးမှ ရှက်ခြင်းသဘော၊
(၂) သြတ္တပ္ပ- မကောင်းမှုအားလုံးမှ ကြောက်ခြင်း၊ မပြုဝံ့ခြင်းသဘော။

ဒေ၀ီ ၅-ပါး။ ။ လောကီသိဒ္ဓိတို့ကို ပေးစွမ်းနိုင်သည့် နတ်သမီးကြီး ၅-ဖေါ်။
(၁) သူရဿတီ၊
(၂) စန္ဒီ၊
(၃) ပရမီသွာ၊
(၄) မဟာပိန္နဲ၊
(၅) ဂေါရ၀ိန္ဒာ၊
၎င်းင်းတို့ကို တောင့်တဖိတ်ခေါ် ကျူးရင့်သည့်ဂါထာကား၊
'သူရဿတီစ မေ မာတာ၊ မာတာစ မေ သူရဿတီ၊ အနုကမ္ပံ ဥပါဒါယ၊ ပိယံဒေတိ၊
လာဘံဒေဟိ၊ ဓနံဒေဟိ၊ သုခံဒေဟိ၊ မိတ္တံဒေဟိ၊ ဥာဏံဒေဟိ သူရဿတီ"။ ။
ကျန် ဒေ၀ီ ၄-ပါးကိုလည်း အမည်သွင်း၍ ဤနည်းဖြင့် ရွတ်ဆိုကျူးရင့်လေ။

ဒေ၀ီ ၇-ပါး၊ တစ်နည်း။ ။
(၁) မိန္နရဒေ၀ီ၊
(၂) သက္ကဒေ၀ီ၊
(၃) မေခလာဒေ၀ီ၊
(၄) ကိန္နရာဒေ၀ီ၊
(၅) ရုက္ခဒေ၀ီ၊
(၆) စန္ဒဒေ၀ီ၊
(၇) စန္ဒီဒေ၀ီ။
၎င်းင်းတို့ကို တောင့်တ ဖိတ်ခေါ် ကျူးရင့်သည့်ဂါထာများကား အထက်ပါ သူရဿတီ ဂါထာအတိုင်း။

ဒေ၀ီ ၉-ပါး၊ တစ်နည်း။ ။ လောကီသိဒ္ဓိအကျိုးကို ထင်ရှားပြီးစေတတ်သော ဒေ၀ီ ၉-ပါးကို မှော်ပညာဆရာများ အထူးလိုက်စားပင့်ဆောင် ပူးကပ်ကြစေသည်။
(၁) မာတာဒေ၀ီ၊
(၂) ဣရန္နသီ၊
(၃) ဣရန္ဒတီ၊
(၄) မဏိမေခလာ၊
(၅) သူရဿတီ၊
(၆) မာယာဒေ၀ီ၊
(၇) ဇာဂြီဒေ၀ီ၊
(၈) ပြာဂြီဒေ၀ီ၊
(၉) ဇာရုဝတီ။
၎င်းင်းတို့ကလည်း သူရဿတီဂါထာအတိုင်း ဤ၌အမည်သွင်း၍ အစောင့်အရှောက်တောင်းရန် ကျူးရင့်ဖိတ်ခေါ်နိုင်သည်။

ဒေ၀ီ တစ်ကျိပ်နှစ်ပါး။ ။
၁ သတ္တဘာဂါ၊
၂ သူရဿတီ၊
၃ မဟာလက္ခီ၊
၎ ဗလိရာဇာ၊
၅ ၀ါမာသူရ၊
၆ ဇလသင်္ချာ၊
၇ ဂရာပါက၊
ဂ ယောဂန္တရာ၊
၉ ကလျာဏင်္ဂါ၊
၁၀ နန္ဒာဒေ၀ီ၊
၁၁ နရိန္ဒာဒေ၀ီ၊
၁၂ မဟာဗိဿနိုး။
၎င်းင်းတို့ကို ကျူးရင့်ဖိတ်ခေါ်အပ်နှင်းသည့် ဂါထာများကား ဆိုင်ရာအမည်သွင်း၍ အထက်နည်းအတိုင်းရွတ်လေ။

ဒေ၀ီ တစ်ကျိပ်နှစ်ပါး၊ တစ်နည်း။ ။ ဤ၌ဖေါ်ပြထားသည့် ဒေ၀ီ ၁၂-ပါးကိုကား လောကစောင့်ဒေ၀ီ တစ်ကျိပ် နှစ်ပါးဟု ထိုဒေ၀ီသျှတ္တရ၌ သီးခြားထုတ်ဆိုပြထားသည်။
၁ သူရဿတီ ဒေ၀ီ၊
၂ စန္ဒီဒေ၀ီ၊
၃ နီတြဒေ၀ီ၊
၎ မနောဟရီ ဒေ၀ီ၊
၅ ဖုဿဝတီ ဒေ၀ီ၊
၆ ရမ္မာ ဒေ၀ီ၊
၇ ကာရဒေ၀ီ၊
၈ ဂန္ဓဗ္ဗီ ဒေ၀ီ၊
၉ ၀ိနတ္ထရီ ဒေ၀ီ၊
၁၀ စန္ဒာဒေ၀ီ၊
၁၁ ပရမေသွာ ဒေ၀ီ၊
၁၂ မဏိမေခလာ ဒေ၀ီ၊
ဤသို့လျှင် ပေါင်းဒေ၀ီ သုံးကျိပ်သုံးပါး။ တစ်နည်း လေးကျိပ်ငါးပါး ဟု ထိုဒေ၀ီသျှတ္တရကျမ်းတွင် အပေါင်းကိုလည်း ပြဆိုထားလေ၏၊ ထို့ကြောင့် ဤနတ်ပင့်လင်္ကာကြီး အဆုံးနားတွင်။ ။
"ဆရာမိန့်ခွန်း၊ ဆိုခဲ့ညွှန်းသည်၊ နှုတ်ခွန်းသံတိုင်း၊ မဆုတ်ဆိုင်းနှင့်၊ အမှိုင်းအမ၊ ကိုယ်ကာယတွင်၊
စောင့်ကြမြဲပင်၊ စွဲထုံလျှင်၊ နတ်ရှင်ဒေ၀ါ၊ သတ္တဘာဂ- သူရဿတီ၊ လက္ခီမဟာ၊ ဗလိရာဇာ၊ ၀ါမာသူရ၊
ဇလသင်္ချာ၊ ဂရာပါက၊ ယောဂတနှင့်၊ ကလျာဏတစ်ဖြာ၊ နန္ဒာဒေ၀ီ၊ နရိန္ဒာဒေ၀ီ၊ မဟာဗိဿနိုး၊
ဆယ့်နှစ်မျိုးနှင့်၊ တန်ခိုးကြီးစွာ၊ ကိန္နရာဇော၊ သက္ကောဒေ၀ီ၊ တစ်လီရောင်ဖြာ၊ မေခလာမည်၊ ကိန္နရီရုက္ခ၊
ထိုမှစန္ဒီ၊ ကျော်သည်စန္ဒာ၊ ခုနစ်ဖြာနှင့်၊ မာတာဒေ၀ီ၊ ဣရန္နသီ၊ ဣရန္ဒတီ၊ မဏိမေခလာ၊ သူရဿတီ၊
မာယာဒေ၀ီ၊ ဇာဂရီ၊ ပြာဂရီ၊ ဇာရုဝတီ၊ ဒေ၀ီကိုးပါး၊ မိမင်းများနှင့်။ ငါးဦးတစ်လီ၊ သူရဿတီ၊ စန္ဓီ ပရမီသွာ၊
မဟာပိန္နဲ၊ လွန်ကဲကျော်ဇော၊ ဂေါရ၀ိန္ဒ၊ ဟူသမျှနှင့်၊ တကွပေါင်းရုံး၊ သုံးကျိပ်သုံးတို့၊ စုရုံးအကုံ၊ ရောက်ကြတုန်လော့။
လုံးစုံစကား၊ ဆိုသည်များကို၊ ထောင်နားနာကြ၊ အချအချီ၊ အမှီအဆွဲ၊ အနွှဲ့အငင်၊ ခုပင်ထက်ကြပ်၊ မရပ်မနေ၊ ပြုကြပေလော" စသည်ဖြင့် ပါရှိလေသည်၊ ကဝေသာရကျမ်းမှာလည်း ၎င်းင်းနတ်ပင့် မန္တာန်ကြီးများ ပါရှိလေသည်။

ဒေသစာရီတော်မျိုး ၂-ပါး။ ။
(၁) တုရိတ စာရိကာ။ ကျွတ်ထိုက်သောသတ္တ၀ါကို မြင်တော်မူသောအခါယူဇနာ ၁၀၀၊ ၂၀၀-ခရီးမျိုးကို တခဏခြင်း လျင်မြန်စွာကြွသွားတော်မူခြင်းမျိုး၊
(၂) အ တုရိတ စာရိကာ၊ မြို့ရွာ နိဂုံး အစဉ်အားဖြင့် တစ်နေ့နည်းနည်း နည်းနည်း တစ်ဂါဝုတ် နှစ်ဂါဝုတ်၊ တစ်ယူဇနာ နှစ်ယူဇနာ စသည်ဖြင့် ဆွမ်းခံလှည့်လည်ခြင်း၊ လူအပေါင်းကို ချီးမြှောက်ခြင်းအလို့ငှာ ဖြည်းဖြည်းနှေးနှေး ကြွချီတော်မူခြင်းမျိုး။
မှတ်ချက်။ ။ ဒေသစာရီတော်မျိုးနှင့်စပ်၍ သုတ်သီလက္ခန်။ ဋ္ဌ။ ၂၁၃- မဇ္ဈိမပဏ္ဏာသ။ ဋ္ဌ။ ၅၅။ သုတ္တနိပါတ်။ ဋ္ဌ။ ဒု။ ၁၆၂။ သံယုတ္တ။ ဋ္ဌ။ တ၊ ၃၁၀။ နေတ္တိ။ ဋ္ဌ။ ၂၂၉၊ စသည့်ကျမ်းတို့၌ အမျိုးပေါင်းများစွာ လာရှိသေး၏။

ဒေသစာရီတော်မျိုး ၃-ပါး။ ။
ဘုရားရှင်တို့၏ ဒေသစာရီကြွချီတော်မူမြဲ ၃-ပါး၊ ၀ိနည်းအဋ္ဌကထာမှ။
(၁) မဟာမဏ္ဍလ ဒေသစာရီ- သီတင်းကျွတ်လပြည့်ကျော် ၁-ရက်နေ့၌ ရဟန်းတော်များခြံရံကာ ထိုထိုမြို့ရွာနိဂုံးတို့သို့ တရားဓမ္မဟောပြဆုံးမတော်မူခြင်း။ ပစ္စည်း ၄-ပါး အလှူခံကာ ချီးမြှောက်တော်မူခြင်းတို့ဖြင့် ၉-လတိုင်တိုင် လှည့်လည်တော်မူ၍ ၀ါဆိုခါနီးလာမှ သင့်လျော်ရာကျောင်း၌ ၀ါကပ်တော် မူခြင်းမျိုး။
(၂) မဇ္ဈိမ မဏ္ဍလ ဒေသစာရီ- တပည့်သာဝကသံဃာတို့ သမထ၀ိပဿနာ ဥာဏ်နုသေးသည်ဖြစ်၍ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက်နေ့ကျမှ အထက်ပါနည်းအတိုင်း ၈-လတိုင်တိုင် လှည့်လည်ကြွချီတော် မူခြင်းမျိုး။
(၃) အန္တိမ မဏ္ဍလ ဒေသစာရီ- ချွတ်ထိုက်သောသတ္တ၀ါတို့ ဣနြေ္ဒနုသေးသည်ဖြစ်အံ့၊ ၀ါဆိုရာဌာန၌ပင်နတ်တော်လပြည့်ထိအောင် ငံ့လင့်တော်မူ၍ အထက်ပါနည်းအတိုင်း နတ်တော်လပြည့်ကျော် ၁-ရက်နေ့မှ စတင်ချီကြွတော်မူရာ ၇-လပတ်လုံးဖြစ်လေသည်။

ဒေသစာရီ ရှည်ရှည်သွားရခြင်း၏ အကျိုး ၅-ပါး။ ။ ၎င်းင်းသရုပ် (ခရီးရှည်ဒေသစာရီသွားရခြင်း အကျိုး ၅-ပါး) ၌ ရှုပါ။

ဒေသနာတော် ၃-ရပ်။ ။ သုတ်သီလက္ခန်။ ဋ္ဌ။ ၁၇-၁၉-၌ အကျယ်ရှုပါ။ ပိဋကတ်သုံးပုံ ဒေသနာအားဖြင့် ၃-ပါးပြား၏။
(၁) အာဏာဒေသနာ- အမိန့်အာဏာတော်ကို အများအားဖြင့် ထည့်သွင်းပညတ်တော်မူသော ၀ိနည်းပိဋကတ်တော်၊
(၂) ဝေါဟာရဒေသနာ- ဝေါဟာရပါရဂူဖြစ်တော်မူသော ဘုရားသခင်သည် ဝေါဟာရကို အများဆုံးသုံး၍ ဟောကြားတော်မူသော သုတ္တန် ပိဋကတ်တော်၊
(၃) ပရမတ္ထ ဒေသနာ- ပရမတ်တရားတို့ကို အဦးထား၍ ဟောကြားတော်မူသော အဘိဓမ္မာပိဋကတ်တော်။

ဒေသနာမျိုး ၂-ပါး။ ။ ဘုရားရှင် ဟောကြားဆုံးမမှု အစဉ် ၂-ပါး။
(၁) ပညတ္တိ ဒေသနာ- လူ နတ် ရဟန်း မိဘ ဆရာ ဘုရားစသော အနက်ဒြပ်နှင့် ၎င်းင်းတို့၌ရှိသော ဂုဏ်ကိုပြ၍ ဟောသောဒေသနာ၊ ၎င်းင်းကိုပင် 'သမုတိ ဒေသနာ'ဟုလည်း ခေါ်သေး၏၊
(၂) ပရမတ္ထ ဒေသနာ- စိတ် စေတသိက် ရုပ် နာမ်တို့ကိုပြ၍ ဟောသောဒေသနာ။

« ဒေါ »
ဒေါမနဿမျိုး ၂-ပါး။ ။ သုတ်မဟာဝါ အဋ္ဌကထာ။ ၃၁၈-၌ အကျယ်ရှုပါ။
(၁) ဂေဟသိတ ဒေါမနဿ-ကာမဂုဏ် ၅-ပါးနှင့်စပ်၍ အလိုမပြည့်သည့်အခါ စိတ်နှလုံးမသာယာမှုဒေါမနဿမျိုးကို ခေါ်ဆိုသည်၊
(၂) နေက္ခမ ဒေါမနဿ- အိုးအိမ် သားမယား စသည်ပစ်ခွဲ၍ ရဟန်းပြုလျက် နေက္ခမလုပ်ငန်း သမထဘာဝနာ ၀ိပဿနာတရားများကို အားထုတ်ပွားများပါသော်လည်း ဈာန် မဂ်ဖိုလ်တရားတို့ကို မရနိုင်ရှိ၍ ငိုကြွေးမြည်တမ်းခြင်း စိတ်နှလုံးမသာယာမှုကို နေက္ခမ ဒေါမနဿဟု ခေါ်ဆိုသည်။
မှတ်ချက်။ ။ နေက္ခမ ဒေါမနဿကား ကောင်းသောဒေါမနဿမျိုးဖြစ်၍ အပါယ်လေးပါးမကျနိုင်ချေ။

ဒေါမာန်ပွားများ၊ ၁၄-ပါး၊ မျိုးစားပုဂ္ဂိုလ်အဘယ်နည်း။ ။ ၎င်းင်းသရုပ်ကို (အမျက်ကြီးငြား ၁၄-ပါး)ဟူသော သုတေသန၌ ပြခဲ့ပြီ။

ဒေါသ ၃-ပါး။ ။
သလိပ် သည်းခြေ လေ ဤသုံးပါးကို သတ္တ၀ါတို့၏ကိုယ်ကို ဖျက်ဆီးတတ်သောကြောင့် ထိုထိုဆေးကျမ်းတို့၌ ဒေါသ ၃-ပါးဟု ခေါ်ဆိုရေးသားကြ၏။

« ဒ် »


ဒျန့် ၃-ပါး၊ ဂီတသွား၊ သီငြားထံတျာ။ ။ သီချင်းကြီး သီချင်းခံ ဘွဲ့ ပတ်ပျိုး ကြိုးစသည် သီဆိုရာ၌
(၁) အာဒျန့်၊
(၂) လျှာဒျန့်၊
(၃) နှာဒျန့်၊
၎င်းင်းဒျန့်သုံးပါးဖြင့် ဂီတသွားတို့၌ အဟိုက် အငင် အသွဲ့ အဖြတ် ထည့်လျက် ကျူးရင့်သီဆိုပုံနည်းကို ဆို၏။

« ဒွ »

ဒွါဒရာသီ၊ ၁၂-လီ၊ ခေါ်မှီလူတို့ထုံး။ ။ ရာသီ ၁၂-ပါးကိုဆိုသည်။ ၎င်းင်းသရုပ်အဓိပ္ပါယ်ကို (ဆယ့်နှစ်ရာသီ)မှာ ကြည့်ပါ။

ဒွါဒသရူပါ၊ သတ္တ၀ါ၊ ၁၂-ဖြာရုပ်ပုံ အဘယ်နည်း။ ။ ရွှေဘုံနိဒါန်းလာ ဒွါဒသရူပ ဖေါင်ပုံမှယူဖြေသည်။
(၁) ခြင်္သေ့နှုတ်သီးနှင့် ၎င်းင်းအမောက်၊
(၂) တိုးမြီးနှင့် ၎င်းင်းလက်တစ်ဖက် ခြေနှစ်ဖက်၊
(၃) ကိန္နရာလက်နှစ်ဖက် ကနေဟန်၊
(၅) မြင်းနားနှစ်ဖက်၊
(၆) ဆယ်စွယ် နှစ်ချောင်း၊
(၇) မကန်းနှာမောင်း၊
(၈) ကရ၀ိတ်အတောင်နှစ်ဖက်၊
(၉) သမင်ချိုနှစ်ဖက်၊
(၁၀) ကျွဲချိုနှစ်ဖက်၊ (ချိုနှစ်ထပ်)
(၁၁) စာမရီလည်ဆံ၊
(၁၂) ငါးကြင်းအမြီး (တိုးမြီးနှင့် ၂-ထပ်)။

ဒွါရ ၃-ပါး။ ။ အကုသိုလ်, ကုသိုလ် ၂-ပါးတို့၏ ၀င်ထွက်ကျရောက်ဖြစ်ပေါ်ရာ ၃-ပါး။
(၁) ကာယဒွါရ၊ ကိုယ်ဖြင့်ပြုသော ကောင်းမှု, မကောင်းမှု ဖြစ်ပေါ်ရာ၊
(၂) ၀စီဒွါရ- ဂုဏ်ကျေးဇူးကို ချီးကျူးပြောဆိုကြောင်း ကဲ့ရဲ့ကြောင်း ဖြစ်သောနှုတ်၊
(၃) မနောဒွါရ-မှန်းဆ၍ အာရုံပြုကြောင်းဖြစ်သောစိတ်။

ဒွါရ ၆-ပါး။ ။ အာရုံတို့၏ ထွက်ဝင်ရာ အပေါက် ၆-ပါးဟူလို။
(၁) စက္ခုဒွါရ- မျက်စိ၊
(၂) သောတ ဒွါရ-နား၊
(၃) ဃာနဒွါရ- နှာခေါင်း၊
(၄) ဇိဝှာ ဒွါရ- လျှာ၊
(၅) ကာယ ဒွါရ- ကိုယ်၊
(၆) မနောဒွါရ- စိတ်။

ဒွါရ ၉-ပေါက်။ ။
ကိုယ်ခန္ဓာ၌ရှိသော
မျက်စိ ၂-ပေါက်၊
နား ၂-ပေါက်၊
နှာခေါင်း ၂-ပေါက်၊
ပါးစပ်၊
ဝစ္စမဂ်၊
ပဿာဝမဂ်
ပေါင်း ၉-ပေါက်ကို ခေါ်သည်။

ဒွါရ ၁၀-ပေါက်။ ။ ၎င်းင်းသရုပ်အဓိပ္ပာယ် (ယောက်ျားဒွါရ ၁၀-ပေါက်)၌ ကြည့်ပါ။

ဒွါရ ၁၃-ပေါက်။ ။ ၎င်းင်းသရုပ်အဓိပ္ပါယ် (မိန်းမ ဒွါရ ၁၃-ပေါက်)၌ ပြမည်။

ဒွေဝါစိက သရဏဂုဏ် ၂-ပါး။ ။
(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ၊
(၂) ဓမ္မံသရဏံ ဂစ္ဆာမိ။ (တဖုဿနှင့် ဘလ’ိကတို့ ဆောက်တည်သည်။

ဒွေပဉ္စ၀ိညာဉ် ၁၀။ ။
ကောင်း မကောင်းမြင် စက္ခုဝိညာဉ်ဒွေး ၂-ခု။
ကောင်း မကောင်းကြား သောတ၀ိညာဉ် ဒွေး ၂-ခု၊
ကောင်း မကောင်းနံ ဃာန၀ိညာဉ် ဒွေး ၂-ခု၊
ကောင်းမကောင်းစား ဇိဝှာဝိညာဉ် ဒွေး ၂-ခု။
ကောင်း မကောင်းထိ၊ ကာယ၀ိညာဉ် ဒွေး ၂-ခု၊
ပေါင်း ၁၀-ခု၊ ဆယ်ပါးဖြစ်၏။

No comments:

Post a Comment