Saturday, December 20, 2008

ဋ- ဌ---ဋ ၀ဂ် ၅-လုံး မှ ဌာယီဘာဝမျိုး

ဋ ၀ဂ် ၅-လုံး။ ။
ဗျည်း ၃၃-လုံးတွင် "ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ"၅-လုံးတစ်စုကို ခေါ်သည်။

ဌာန် ၅-ပါး ၆-ပါး ၇-ပါး ၃-နည်း။ ။ မြန်မာအက္ခရာ အသံဖြစ်ရာဌာနများကိုဆိုသည်။
(က)၊
(၁) အဏ္ဍဌာန်-က, ခ, ဂ, ဃ, င, အ, အာ, ဟ၊ အက္ခရာ ၈-လုံးသည် လည်ချောင်းအရပ်မှာဖြစ်၏။
(၂) တာလုဌာန်- စ, ဆ, ဇ, ဈ, ည, ဣ, ဤ, ယ၊ ၎င်းင်း အက္ခရာ ၈-လုံးသည် အာစောက်အရပ်မှာဖြစ်၏။
(၃) မုဒ္ဓဌာန်- ဋ, ဋ္ဌ, ဍ, ဎ, ဏ, ရ, ဠ၊ ၎င်းင်း ၇-လုံးသောအက္ခရာတို့သည် လျှာထိပ်အရပ်မှာဖြစ်၏။
(၄) ဒန္တဌာန်- တ, ထ, ဒ, ဓ, န, လ, သ၊ ၎င်းင်း ၇-လုံးသောအက္ခရာတို့သည် သွားအရပ်မှာဖြစ်၏။
(၅) သြဋ္ဌ ဌာန်- ပ, ဖ, ဗ, ဘ, မ, ဥ, ဦ၊ ၎င်းင်း ၇-လုံးသောအက္ခရာတို့သည် နှုတ်ခမ်းအရပ်မှာဖြစ်၏။ (နျာသအလို)။
(ခ) ရူပသိဒ္ဓိ၊ 'နာသိ'ထည့်၊ မိန့်ဘိ ၆-ပါးလာ၊
ရူပသိဒ္ဓိသဒ္ဒါကျမ်းတွင် နိဂ္ဂဟိတ်သံကို နှာခေါင်း၌ဖြစ်သော နာသိကဌာန်ဟု သီးခြားယူ၍ ဌာန် ၆-ပါးပြ၏။
(ဂ) နီတိအလို၊ 'ဥရ'ကို၊ ထည့်ဆိုသတ္တသာ။
သဒ္ဒနီတိကျမ်းတွင် ဟ အက္ခရာကို င, ည, ဏ, န, မ, ယ, ရ, လ, ၀၊
ဟထိုး ၉-လုံးသံတို့နှင့်ယှဉ်သောအခါ၊ ရင်၌ဖြစ်သော ဥရ ဌာန်ဟု သီးခြားယူပြန်၍ ဌာန် ၇-ပါးပြ၏။


ဌာယီဘာဝမျိုး ၁၀-ပါး။ ။ စာရေးဆရာတို့ ၀တ္ထုဇာတ်အိမ်၌ ပြည့်စုံစွာပါဝင်ဖြစ်တည်လေ့ရှိသော အင်္ဂါဆယ်ပါး။
(၁) ရတိ- မိန်းမ ယောက်ျားတို့ချစ်ကြိုက်မှု၊
(၂) ဟာသ- ပြုံးရယ် ပျော်ရွှင်မှု၊
(၃) သောက- သနားစရာစိုးရိမ်ပူဆွေးမှု၊
(၄) ကောဓ- စိတ်ဆိုးစရာကြမ်းကြုတ်အမြက်ထွက်မှု၊
(၅) ဥဿာဟ- ရဲရင့်မှု၊ စွန့်စားမှု၊ လုံ့လ၀ီရိယ၊
(၆) ဘယ- ကြောက်လန့်စရာ၊
(၇) ဇိဂုစ္ဆ- ရွံမုန်းစရာ၊
(၈) ၀ိမှယ- အံ့သြစရာ၊
(၉) သမ-ငြိမ်သက်တည်ကြည်မှု၊
(၁၀) ၀လစ္ဆ- စင်ကြယ်သော အဒေါသ မေတ္တာဖြင့် သာယာကြည်လင်သည့်စိတ်မျိုး။

No comments:

Post a Comment