Saturday, December 20, 2008

ဇ-စ်-ည---ဇ၀က္သာမ်ိဳး မွ ညီလာခံ...

ဇ၀က္သာမ်ိဳး ၂-ပါး။ ။ အချို့ကျမ်းတို့၌ ၅-ပါးရှိ၏။
(၁) အဂ္ဂိ ယ၀က္ခယ- မီးစား ဇ၀က်သာ၊ မဖောက်ထုံးကဲ့သို့ခပ်ပွပွရှိသည်၊ လက်ယာလက်ဝဲ ထွက်ရပ်လမ်းဆရာတို့အတွက် ၎င်းင်းမှသာအကျိုးကိုပြီးစေနိုင်၏၊
(၂) ဒက ယ၀က္ခယ- ရေစား ဇ၀က်သာ၊ အသားစဉ်းနှင့် ဖြူပျဉ်းပျဉ်းရှိ၏၊ သွေးဆေး ငန်းဆေး လျက်စားစသော ဗိန္ဓောဆရာတို့သုံးစွဲသည့်ဓာတ်တစ်မျိုး၊
၎င်းင်းကိုသုံးခြင်းကြောင့် လုပ်ရတ်သမားတို့ မည်သည့်အခါမျှ အကျိုးကိုမဖြစ်စေနိုင်ဟု သဗ္ဗဓာတုယောဂ သျှတ်ကျမ်း၌ဆိုထားလေပြီ။

ဇ၀ါရေးရိုး ကြိုး ၁၀ မျိုး။ ။ ပန်းပြောက် ပန်းနုရေးပညာမျိုး။ မုံရွေးမှတ်စုမှ။
(၁) ခရု ပုခက်ကြိုး၊
(၂) ဘယက်ကြိုး၊
(၃) မှော်ဖတ်ကြိုး၊
(၄) ငါးပတ်ခံတွင်းကြိုး၊
(၅) မှော်သီးကြိုး၊
(၆) မြှော့ဝမ်းကြီးကြိုး၊
(၇) နဂါးလိမ်ကြိုး၊
(၈) ရာမလက်ညှိုးကြိုး၊
(၉) တမုတ်ကြိုးဆွဲ၊
(၁၀) နန်းပြောက်ကြိုး။


ဇာတ်ကြီး ၁၀ ဖွဲ့။ ။ ဗုဒ္ဓအလောင်းတော်မြတ်၏ ထင်ရှားသောဘ၀ကြီး ဆယ်ပါး။
(၁) တေမိယဇာတ်၊
(၂) ဇနက္ကဇာတ်၊
(၃) သုဝဏ္ဏသျှမ်ဇာတ်၊
(၄) နေမိဇာတ်၊
(၅) မဟောသဓာဇာတ်၊
(၆) ဘူရိဒတ်ဇာတ်၊
(၇) စန္ဒကုမာရဇာတ်၊
(၈) နာရဒဇာတ်၊
(၉) ၀ိဓူရဇာတ်၊
(၁၀) ဝေဿန္တရာဇာတ်။

ဇာနည်မျိုးပြား၊ ထိုခြောက်ပါး၊ ကျော်ကြား ကမ္ဘာတည်။ ။ ၎င်းင်းသရုပ်ကို(အာဇာနည်များ၊ မျိုး၆ပါး၊ ဖြေကြားမိန့်တော်မူ) ဟူသောအမေး၌ ဆိုခဲ့ပြီ။

ဇီယာမျိုး ၅-ပါး။ ။ ရှေးရေး ဆေးကျမ်းစာပေများ၌ စမုံစပါး၊ စမုံဖွဲ့၊ စမုံဖြူ၊ စမွတ်၊ ဇီယာ၊ ၎င်းင်းငါးပါးကို ' ပဉ္စဇီယာ' ဇီယာမျိုးငါးပါးဟု ရေးသားကြကုန်၏။

ဇီဝိတ န၀က ကလာပ်။ ။ အ၀ိနိဗ္ဘောဂရုပ် ၈-ခုနှင့် ဇီဝိတရုပ် ၁-ခု ပေါင်း ၉-ခု တစ်စည်းကိုခေါ်သည်။

ဇီဝိတိနြေ္ဒ ၂-ပါး။ ။ သစ်ပင်စသည်တို့ကို မသေအောင် စောင့်ထိန်းပေးတတ်သော ရုပ်ဇီဝိတိနြေ္ဒ သက်ရှိသတ္တ၀ါတို့ကိုမပုပ်သိုးအောင်ထိန်းသိမ်းသော နာမ်ဇီဝိတိနြေ္ဒ။

ဇီးမျိုး ၃-ပါး။ ။ ဓါတ်ဆေးတစ်မျိုး။ ရွှေပုပ္ပါးဋီကာ၌ အကျယ်ရှု။
(၁) ဘုမ္မဇီး၊
(၂) အာကာသဇီး၊
(၃) ဂေါ်ရာဇီး ဟူ၏။

ဇုံပိုင်း ၅-ရပ်။ ။ ဇုံဟူသောဝေါဟာရသည် လောကဓါတ်ပထ၀ီဝင်သင်ခန်းစာတို့တွင် သုံးစွဲကြသောအခေါ်ပုဒ်တည်း။၎င်းင်း၏အဓိပ္ပါယ်ကား၊ 'အပူအအေး ပိုင်းခြားထားသောအရပ်' ဟူ၏။
(၁) မြောက်ပိုင်းအအေးဇုံ- မြောက်ဝင်ရိုးစွန်းပတ်လည်၌ အာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၂) တောင်ပိုင်းအအေးဇုံ- တောင်ဝင်ရိုးစွန်းပတ်လည်၌ အန္တာတိတ်စက်ဝိုင်းအတွင်းရှိအရပ်၊
(၃) အပူပိုင်းဇုံ- ဥတ္တရာယာဉ်စွန်းတန်းအရပ်နှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၄) မြောက်သမဇုံ- အာတိတ်စက်ဝိုင်းနှင့် ဥတ္တရာယာဉ်စွန်းတန်းအကြားရှိအရပ်၊
(၅) တောင်သမဇုံ-အာတိတ်စက်ဝိုင်းနှင့် ဒက္ခိဏယာဉ်စွန်းတန်းအကြားရှိအရပ်။

ဇိုဝ်းမျိုး ၃-ပါး။ ။ နတ်မျိုးသုံးပါးဟူ၏။ ဒေ၀ သဒ္ဒါမှ "ဇိုင်း"ဖြစ်လာကြောင်းမှတ်။
(၁) ဘုမ္မဒေ၀- ဘုမ္မဇိုင်း၊မြေ၌နေသောနတ်မျိုး၊
(၂) ရုက္ခဒေ၀- ရုက္ခဇိုဝ်း၊ သစ်ပင်၌နေသောနတ်မျိုး၊
(၃) အာကာသဒေ၀- အာကာသဇိုဝ်း၊ကောင်းကင်၌နေသောနတ်မျိုး။

ဇော်ဂနီခေါ်၊ စုန်းအကျော်၊ ၄-ဘော်အဘယ်နည်း။ ။ ကျမ်းကြီးကျမ်းခိုင်တို့၌ကား ဇော်ဂနီကို 'စုန်း'ဟုမဆိုကြ။မိစ္ဆာနတ်စိမ်းဟုသာဆိုကြ၏။ ကဝေသာရကျမ်း၌ကား အောက်ပါအတိုင်း
လာလေသည်။
၁ ဒေ၀ ဇော်ဂနီ- အောက်တန်း နတ်ဆိုးနတ်ယုတ်များ၊
၂ ဗျဂ္ဃဇော်ဂနီ- ကျားနှင့်ယှဉ်သောနတ်စိမ်းများ၊
၃ ယက္ခဇော်ဂနီ-ဘီလူး သရဲ ဖုတ် ပြိတ္တာများ၊
၎ ဣန္ဒဇော်ဂနီ- ထိုထိုဇော်ဂနီတို့ကို အစိုးရသောနတ်စိမ်းများ။

ဇော်ဂနီများ၊ စုန်းမျိုးပြား၊ ထင်ရှား ၆၄။ ။ သဒ္ဒ ကမ္မ ဒုမ အဘိဓါန်ကျမ်း၌ ယောဂိနီပုဒ်
အဖွင့်တွင် ဇော်ဂနီခြောက်ကျိပ်လေးပါးနှင့်တကွ ၎င်းင်းတို့ကိုအလိုရှိသလို စေခိုင်းနိုင်ကြောင်း အတတ်မန္တယားပူဇော်ပသပုံများကိုပါ အစုံပြထားသည်။ အကျယ် ၎င်းင်းကျမ်း၌ရှုပါလေ။

ဈာန်အပြား ၂-ပါး။ ။ ပဋိသမ္ဘိဒါမဂ်။ ပါ။ ၄၁။ ဋ္ဌ။ ပ-အုပ်။ ၁၇၀။
(၁) အာရမ္မဏူပနိဇ္ဈာနဈာန်- သမထ, ဘာဝနာ, သက်သက်ဖြစ်သော ပထ၀ီကသိုဏ်း စသည်ဖြင့် သမာပတ်ရှစ်ပါး
အထိရယူသောဈာန်၊
(၂) လက္ခဏူပနိဇ္ဈာနဈာန်- ၀ိပဿနာသက်သက်ဖြစ်သော ရုပ်နာမ်ဓမ္မကို အနိစ္စလက္ခဏာဖြင့်ရှုမှတ်၍ မဂ်, ဖိုလ်, အထိရယူသောဈာန်။

ဈာန်အပြား ၃-ပါး။ ။ ရူပါဝစရ ဈာန်ç အရူပါဝစရ ဈာန် မျိုး၌ ပုထုဇန် အရိယာကိုစွဲ၍ ကွဲသောဈာန်မျိုး ၃-ပါး၊
(၁) သမထာနုယောဂ ပဋိလဒ္ဓဈာန်- သမထ ကမ္မဋ္ဌာန်းသက်သက်ကို အားထုတ်၍ရသောဈာန်မျိုး၊
(၂) မဂ္ဂ သိဒ္ဓဈာန်- မိမိ၏ဆုတောင်းပတ္ထနာအလျောက် မဂ်ကိုရရောက်သည်နှင့်တပြိုင်နက် ဈာန်သမာပတ်တို့ကိုပါ အပြီးရသောဈာန်မျိုး၊
(၃) ဥပပတ္တိ- သိဒ္ဓိဈာန်- ကာမဘုံသား ဈာနလာဘီစုတေ၍ ဗြဟ္မာ့ပြည်ရောက်သွားသောအခါ တမင်အားမထုတ်ရဘဲ
ဗြုန်းကနဲထပ်၍ရသောဈာန်မျိုး။

ဈာန်မျိုး ၅-ပါး။ ။ ကိလေသာတရားတို့ကို လောင်မြိုက် ဖုတ်ကြည်းတတ်သော သဘောတရားငါးပါး။
(၁) ပထမဈာန်၊
(၂) ဒုတိယဈာန်၊
(၃) တတိယဈာန်၊
(၄) စတုတ္ထဈာန်၊
(၅) ပဉ္စမဈာန်။

ဈာနင် ၅-ပါး။ ။ ဈာန်၏အစိတ်အင်္ဂါများကို ဆိုသည်။
(၁) ကြံစည်ခြင်း ၀ိတက်၊
(၂) စဉ်းစားခြင်း ၀ိစာရ၊
(၃) နှစ်ခြိုက်ခြင်း ပီတိ၊
(၄) ချမ်းသားခြင်းသုခ၊
(၅) တည်တံ့ခြင်း ဧကဂ္ဂတာတို့ဖြစ်၏။

ဈာန် မဂ်ဖိုလ်များ၊ တားမြစ်ထား၊ ၅-ပါးအန္တရာယ်။ ။ ၎င်းင်းသရုပ် (အန္တရာယ်ကြီး ၅-ပါး)၌ ဆိုခဲ့ပြီ။

ဈာန်ရပုဂ္ဂိုလ်၊ ရောက်ကြောင်းဆို၊ ဘုံဖို- ၂၀ အဘယ်နည်း?။ ။ ဈာန်ရပုဂ္ဂိုလ်တို့ ရောက်ကြောင်းဘုံကား ဗြဟ္မာ- ၂၀, ပင်ဖြစ်၏။ ထိုဘုံတို့သို့ အများအားဖြင့် မိန်းမဇာတ် အဖြစ်ဖြင့်
မရောက်ကောင်းချေ၊ ပုရိသချည်းသာဖြစ်သောကြောင့် ဘုံဖို အဖိုများသာနေသောဘုံဟုခေါ်သည်။

ဈာပနမျိုး ၃-ပါး။ ။ ဖုတ်ကြည်း သဂြုင်္ိဟ်ခြင်းမျိုး ၃-ပါး။
(၁) အဂ္ဂိဈာပန- စကြာမင်းနှင့် ဘုရား, ရဟန္တာ, သီလ၀န္တ ,သမုတိသံဃာတော်အရှင်မြတ်များ၏အလောင်းကို မီးဖြင့်သင်္ဂြိုဟ်ရသည်။ သို့မဟုတ်ဘဲမြေမြှုပ်နှံက မိုဃ်းခေါင်တတ်သည်။ ရေသို့မျှောက ရေကြီးတတ်သည်ဟု လောကီဆိုရိုးရှိ၏။
(၂) ဘူမိဈာပန- မြေမြှုပ်နှံခြင်း သစ်ခက် စသည်တို့ဖြင့် ဖုံးအုပ်၍ထားခြင်းမျိုး၊
(၃) ဥဒကဈာပန- ရေသို့နှစ်ချပစ်မျှောခြင်းမျိုး။

ဥာဏ် ၃-ပါး။ ။
(၁) သုတမယဥာဏ်- ကြားသိဥာဏ်မျိုး၊
(၂) စိန္တာမယဥာဏ်- ကြံစည်၍သိသောဥာဏ်၊
(၃) ဘာဝိတမယဥာဏ်- သမထ, ၀ိပဿနာ, တရားတို့ကို ပွားများ၍ရသော ဥာဏ်ထူးဥာဏ်မြတ်မျိုး။
နေတ္တိ။ ပါ။ ၈။ ဋ္ဌ။ ၅၃-၌ အကျယ်ရှုပါ။

ဥာဏ်တော် ၁၀-ပါး။ ။ နေတ္တိ။ ပါ။ ၇၆။ ဋ္ဌ။ ၁၅၅ ၌ အကျယ်ရှုပါ။ ဘုရားသခင်၏ဥာဏ်တော်အနန္တတို့တွင် ထင်ရှားသော ဥာဏ်တော်များ ဒသနိပါတ် အင်္ဂုတ္တိုရ်မှ။
(၁) ဌာနာဋ္ဌာန ကောသလ္လဥာဏ်- အကြောင်း ဟုတ် မဟုတ်သိသောဥာဏ်၊
(၂) ၀ိပါကဥာဏ်- ကောင်းကျိုးမကောင်းကျိုးကို သိသောဥာဏ်၊
(၃) သဗ္ဗတ္ထ ဂါမိနီဥာဏ်- သတ္တ၀ါတို့ လားရာသွားရာ ကုန်အောင်အစုံသိသောဥာဏ်၊
(၄) နာနာဓါတုဥာဏ်- အထူးထူးသော ဓါတ်တို့ကိုသိသောဥာဏ်၊
(၅) အဓိမုတ္တိဥာဏ်- အလိုဆန္ဒအားလုံးကို သိသောဥာဏ်၊
(၆) ဣနြ္ဒိယ ပရောပရိယတ္တိဥာဏ်- ဣနြေ္ဒနုရင့်ကိုသိသောဥာဏ်၊
(၇) ဈာနာဒိ သံကိလေသဥာဏ်- ဈာန်, ၀ိမောက္ခ, သမာဓိ , သမာပတ်, စသည်တို့၏ ညစ်ညူးကြောင်းကိုသိသောဥာဏ်၊
(၈) ပုဗ္ဗေနိဝါသဥာဏ်- ရှေးဖြစ်ဟောင်း ဘ၀ခန္ဓာစဉ်ကိုသိသောဥာဏ်၊
(၉) ဒိဗ္ဗစက္ခုဥာဏ်- နတ်မျက်စိကဲ့သို့ အလင်းရောင်ခြည် အားကောင်းသော အဘိညာဉ်မျက်စိဥာဏ်၊
(၁၀) အာသ၀က္ခယဥာဏ်- အရဟတ္တမဂ်ဥာဏ်။

ဥာဏ် ၁၀-ပါးလာ၊ ၀ိပဿနာ၊ ခွဲဖြာဝေဖန်သိ။ ။ ၎င်းင်းသရုပ်ကို (၀ိပဿနာဥာဏ် ၁၀-ပါး)မှာ ရှုပါ။

ဥာဏ်ပညာအားနည်းခြင်း၏အကြောင်း ၅-ပါး။ ။ ဈာန် မဂ် ဖိုလ်၏ အပိတ်အပင် အညစ်အကြေး ဥာဏ်ပညာအားနည်းကြောင်းတရား ငါးပါး။
(၁) ကာမစ္ဆန္ဒ- ကာမပေါ်၌လိုလားခြင်း၊
(၂) ဗျာပါဒ- ပြစ်မှား ဖျက်ဆီး ကြမ်းတမ်းခြင်း၊
(၃) ထိန မိဒ္ဓ- ပျင်းရိ ထိုင်းမှိုင်း ငိုက်မြည်းခြင်း၊
(၄) ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ထားပျံ့လွင့်ခြင်း, အလို့လို့ရှိခြင်း(နောင်တ တဖန်ပူပန်ခြင်း)၊
(၅) ၀ိစိကိစ္ဆာ- ကောင်းမှန်သောအလုပ်၌မယုံသင်္ကာဖြစ်ခြင်း။

ဉေယျဓံတရား ၅-ပါး။ ။ ဉေယျဓမ္မခေါ် ဘုရားရှင်တို့သိအပ်သော တရားငါးပါး။
(၁) သင်္ခါရခေါ်- ပုညာဘိသင်္ခါရ, အပုညာဘိသင်္ခါရ, အနဉ္ဇာဘိသင်္ခါရ လည်း ဉေယျတစ်ပါး၊
(၂) ၀ိကာရခေါ်- ကာယ၀ိညတ်, ၀စီဝိညတ်, ရူပဿလဟုတာ, မုဒုတာ, ကမ္မညတာတည်းဟူသော ၀ိကာရလည်း ဉေယျတစ်ပါး၊
(၃) လက္ခဏာခေါ်-ဥပစယ, သန္တတိ, ဇရတာ , အနိစ္စတာတည်းဟူသော လက္ခဏာလည်း ဉေယျတစ်ပါး၊
(၄) နိဗ္ဗာန်ခေါ်- အသင်္ခတဓာတ် မြတ်သောတရားလည်း ဉေယျတစ်ပါး၊
(၅) ပညတ်ခေါ်- ပုဂ္ဂိုလ်, သတ္တ၀ါ, တော, တောင်, ရေ, မြေ, သမုဒ္ဒရာ, စကြ၀ဠာ သတ္တပညတ်, နာမပညတ် ဟူသမျှလည်း ဉေယျတစ်ပါး။

ညဥ့် ၃-ယာမ်။ ။ ညဥ့်၏အချိန် ၃-ပိုင်းဟူ၏။
(၁) ပုရိမ ယာမ်- ညဥ့်ဦးယာမ်၊ ၆-နာရီမှ ၁၀-နာရီထိ၊
(၂) မဇ္ဈိမ ယာမ်- သန်းခေါင်ယာမ်၊ ၁၀-နာရီမှ ၂-နာရီထိ၊
(၃) ပစ္ဆိမ ယာမ်- မိုးသောက်ယာမ်၊ ၂-နာရီမှ ၆-နာရီထိ။

ညဥ့်နက်ခံခါ၊ လည်သူမှာ၊ ၆-ဖြာ အပြစ်ရ။ ။ ၎င်းင်းပြဿနာရပ်ကို (အကာလခါ၊ လည်သူမှာ၊ ၆-ဖြာအပြစ်ရ) ဟူသောပုစ္ဆာ၌ဖြေခဲ့ပြီ။

ည သတ်ကာရန်၊ ရေးထုံးမှန်၊ ရွတ်ရန်နည်း ၆-ပါး။ ။ မြန်မာသင်ပုန်းကြီးကျမ်းလာ ၃၆-ပါးသော ဌာနတို့တွင် ပါဝင်သည့် စာစီစာကုံးနည်း ဥပဒေသ ဝေါဟာရ၊
နှုတ်ခမ်းဖွင့်၍ရွတ်ရသော 'အည်, အည့်, အည်း'၊
ပိတ်၍ ရွတ်ဖတ်ရသော 'အဉ်, အဥ့် , အဉ်း'တို့ဖြစ်ကြ၏။
ကဗျာဆရာတို့က ကာရန်ငယ်သံ ၆၄-ပါး၌ သွင်းယူကြသည်။

ညာသံကြီးများ၊ ၁၈-ပါး၊ ဆိုငြားကဗျာအဘယ်နည်း။ ။ ၎င်းင်းသရုပ်ကို (တက်သံ ၁၈-ပါး)၌ ရှုပါ။

ညာသံငယ်ခေါ်၊ ကဗျာပေါ်၊ ယူသော ၁၈-ပါး။ ။ ၎င်းင်းသရုပ်ကို (နိမ့်သံအပြား ၁၈-ပါး)၌ ရှုပါ။

ညီလာခံငြား၊ မျိုး ၃-ပါး၊ ခြားနားရွှေနန်းတော်။ ။ မြန်မာဘုရင်မင်းမြတ်တို့ မြို့ပြပြည်ရွာဆိုင်ရာ တရားဌာနဆိုင်ရာ စစ်ဖက်ဆိုင်ရာ အရာရှိဝန်တို့နှင့် ဥပုသ်နေ့မှတစ်ပါး တစ်နေ့ ၃-ခါ တိုင်ပင်မေးမြန်းဆွေးနွေးခြင်းကို ညီလာခံ ၃-မျိုးဟုခေါ်သည်။
(၁) နံနက်ညီလာခံ- ပြည်တွင်းပြည်ပ နိုင်ငံရေးရာများကို နံနက် ၉-နာရီလောက်မှာ လက်ဖက်ရည်တော်ဆောင်၌ ဆွေးနွေးသည်၊
(၂) နေ့ညီလာခံ- အကောက်တော်ခွန်ကိစ္စ၊ စစ်ရေးရာမှုကိစ္စ၊ အလုပ်ရုံ၊ စက်ရုံ၊ လယ်ယာဆည်မြောင်းကိစ္စတို့ကို အထက်ပါအဆောင်၌ပင် ညနေ ၃-နာရီလောက်မှာစည်းဝေးတိုင်ပင်ကြသည်။၊
(၃) ညဥ့်ညီလာခံ- ညဥ့်ဦးယာမ်တွင် မှန်နန်းတော်ဆောင်၌ များသောအားဖြင့်စည်းဝေးလေ့ရှိသည်။ ထိုညီလာခံ၌ အရာရှိများစုံလင်စွာလာရန်မလို၊ အတွင်းတော်သား အိပ်ဖန်စောင့်များနှင့် သာသနာတော်ရေးကိစ္စ၊ ရာဇ၀တ်မှုကင်းလွတ်ရေးကိစ္စ၊ မိဖုရားနှင့် သားတော်သမီးတော်များကိစ္စတို့ကို တိုင်ပင် ဆွေးနွေးသည်။

No comments:

Post a Comment